Monday, June 22, 2020

စော်ဘွားနှင့် မဟာဒေဝီတို့ ပိုင်ဆိုင်သော သီပေါစော်ဘွား ဟော်နန်းအား သျှာမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်သို့ SNLD ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦး လှူဒါန်း

သီပေါစော်ဘွားဟော်နန်းအပြင် စော်ဘွားနှင့် မဟာဒေဝီတို့ ပိုင်ဆိုင်သော ပစ္စည်းများအားလုံးကို စီမံခန့်ခွဲပိုင်ခွင့်ရှိသူ (ရထားသူ) ဖြစ်သော တူတော် ခွန်ထွန်းဦးမှ သျှာမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်ထံသို့ ဇွန်လ ၂၀ ရက်နေ့ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၌ သျှာမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ပညာနန္ဒနှင့် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူဖြစ်သည့် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ တို့ရှေ့မှောက်တွင် ရေစက်ချလှူဒါန်းခဲ့ပါသည်။
သီပေါစော်ဘွားဟော်နန်း လှူဒါန်းခြင်း အခမ်းအနားတွင် SNLD ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦး နှင့် ဒုတိယဥက္ကဋ္ဌ စိုင်းခမ်းပိုင်ဖ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်လူကြီးမင်းများ ပါဝင် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သီပေါစော်ဘွားဟော်နန်း လှူဒါန်းခြင်း အခမ်းအနားတွင် SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ဒုတိယဥက္ကဋ္ဌ စိုင်းခမ်းပိုင်ဖ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သီပေါဟော်နန်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ ဇာတ်စုရပ်ကွက်တွင် တည်ရှိခြင်း ဖြစ်ကြောင်း သီပေါမြို့နယ် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးထံမှ သိရသည်။
“ဟော်နန်းကိစ္စ ပါတီကို မထိခိုက်စေချင်လို့ ကျွန်မနဲ့ ပါတီက ဝင်ရောက်ဆောင်ရွက်တာ မရှိခဲ့ဘူး။ ဥက္ကဋ္ဌကြီးကလည်း ပေးမလုပ်ဘူး။ ကျွန်မတို့က ဥက္ကဋ္ဌကြီး လာလှူမယ်ဆိုတာလည်း မသိဘူး။ ခေါင်းဆောင်တစ်ဦး ရောက်လာတာကို ဝန်းရံပေးဖို့ပဲ လိုက်သွားခဲ့ကြတာ၊ အဲဒီကို ရောက်တော့မှပဲ ဟော်နန်းလှူမယ်ဆိုတာ သိရတာပါ” ဟု သီပေါမြို့နယ် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက ဆိုသည်။
Crd :SNLD

0 comments:

Post a Comment