Friday, June 19, 2020

ညောင်ရွှေမြို့နယ်၊ တောင်ကတုံးများပေါ်သို့ ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး ( Seed Ball ) များ ကြဲချစိုက်ပျိုး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရေဝေရေလဲဒေသ၌ ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး ( Seed Ball )များ ကြဲချစိုက်ပျိုးခြင်းကို ဇွန်(၁၉)ရက် နံနက်(၈)နာရီခွဲ က ညောင်ရွှေမြို့နယ် ဟိုတယ်ဇုံစက်လှေဆိပ်၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မယ်ဇလီ၊ ဘောစကိုင်း၊ ယမနေ၊ ထင်းရှူး၊ မန်ဂျန်ရှား၊ ရေသင်းဝင်၊ ငုစပ်၊ ကုက္ကိုလ်၊ ယူ ကလစ်၊ ပျဉ်းမ၊ ယင်းမာ၊ ချယ်ရီ၊ ဇီး အစရှိသည့်သစ်မျိုးများပါဝင်သော သစ်စေ့မြေလုံး( Seed Ball ) သုံးသိန်းကို အင်းလေးကန်အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ သစ်ပင်ပေါက်ရောက်မှုမရှိသော တောင်ကတုံးများပေါ်တွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ကြဲချစိုက်ပျိုးခဲ့ရာ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ အရပ်ဖက်စေတနာ့ဝန်ထမ်း အဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
crd-IPRD Nyaungshwe photo-Sandy Thin Mar Oo #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment