Monday, June 15, 2020

မြဝတီမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် ရွေ့လျားဓာတ်မှန်ရိုက်စက် (Portable X- Ray) နှင့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်း

ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသမှုခံယူလျက် ရှိသော လူနာများအတွက် ဓာတ်မှန်ရိုက်ရာတွင် အဆင်ပြေစွာအသုံးပြုနိုင်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့လှူဒါန်းသော ရွေ့လျားဓာတ်မှန်ရိုက်စက် (Portable X- Ray) နှင့် တပ်မတော်ကပေးပို့လှူဒါန်းသော COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများပေးအပ်လှူဒါန်း ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံကြီး၌ ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် သင်္ကန်းညီနောင်တပ်နယ်မှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ထိုသို့လှူဒါန်းရာတွင် တပ်နယ်မှတာဝန်ရှိသူများက ရွေ့လျားဓာတ်မှန်ရိုက်စက် (Portable X- Ray) နှင့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask ၁၅၀၀ ခု၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves) ၉၀ ခု၊ မျက်မှန် (Goggles) ၉ ခု၊ Examination Glove ၅ ခု၊ OT Gown ၂၀၀ ခု၊ OT Cap ၄၀၀ ခု၊ Face Shield ၂၀၀ ခုနှင့် ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက် လူနာများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ် ကြီး ဒေါက်တာနန္ဒာဝင်းနှင့် တာဝန်ရှိသူများကလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment