Tuesday, June 16, 2020

ယခုအပတ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo သည် တရုတ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံရန်အတွက် ဟာဝိုင်အီကျွန်းသို့သွားရောက်မည်

ယခုရက်သတ္တပတ်တွင် အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး Mike Pompeo သည် အစောပိုင်းနှစ်များအတွင်နက်ရှိုင်းစွားဖြစ်ပွားခဲ့သော အမေရိကန်- တရုတ် နှစ် နိုင်ငံအကြားဆက်ဆံရေးကို ဆွေးနွေးသွားရန်အတွက် ဟာဝိုင်အီကျွန်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခုတွင် တရုတ်ကိုယ်စားလှယ်များနှင့် နှစ်ဦးနှစ်ဖက်တွေ့ဆုံ ရန်စီစဉ်ထားကြောင်း ခိုင်မာသောသတင်းအရင်းအမြစ်တစ်ခုမှ ပြောကြားခဲ့ပါ သည်။
၎င်းတို့၏ ပြင်းထန်သောမဟာဗျူဟာမြောက်ယှဉ်ပြိုင်မှုတစ်ခုအပြင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ရောဂါနှင့် ဟောင်ကောင်အပေါ် လုံခြုံရေးဉပဒေပြဌာန်းရန် တရုတ်၏ ကြိုးစားမှုတို့ကြောင့် မကြာသေးမီလများတွင် ကမ္ဘာ့ထိပ်တန်းစီးပွားရေးနိုင်ငံနှစ်ခု အနေဖြင့် စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်မှုများရှိခဲ့ပါသည်။
ကျွမ်းကျင်ပညာရှင်များအနေဖြင့် ယခုနှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးမှာ အောက်ဆုံးထိကျဆင်းနေပြီး မေလလယ်ပိုင်းလောက်တွင် အမေရိကန်သမ္မတ Trump သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ဖြတ်တောက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ပြည်နယ်ကောင်စီဝင်ပါတီနှင့် ကွန်မြူနစ်ပါတီ၏အင်အားကြီးနိုင်ငံရေး ပေါ်လစီအဖွဲ့ဝင် Yang Jiechi သည် Pompeo နှင့် တွေ့ဆုံမည့်ကိုယ်စာလှယ်ဖြစ် ကြောင်း တရုတ်နိုင်ငံ South china Morning Post သတင်းစာတွင်အမည် မဖော်လိုသူ၏ သတင်းဖော်ပြချက်အရသိရှိရပါသည်။
အဆိုပါ အစည်းအဝေးကို ဟာဝိုင်အီကျွန်းရှိ Hickam Air force အခြေစိုက်တွင် ပြုလုပ်မည့်ဟုမျှော်လင့်ကြောင်း သံအမတ်များမှ ပြောကြားခဲ့ပါသည်။ တခြားအရင်း အမြစ်တစ်ခုမှလည်း pompeo အနေဖြင့် ဟာဝိုင်အီကျွန်းသို့ ဇွန်လ ၁၆ ရက်နေ့တွင် သွားရောက်၍ ဇွန်လ ၁၇ ရက်နေ့အစည်းအဝေးကို ကျင်းပပြုလုပ်သွားမည်ဟု မျှော်လင့်ကြောင်း သိရပါသည်။
ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဧပြီလ ၁၅ ရက်နေ့တွင် တယ်လီဖုန်းမှတဆင့် ပြောကြားပြောကြားခဲ့ပြီး ယခုတွေ့ဆုံမှုသည် Pompeo နှင့် Yang အတွက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေး၏ အစီအစဉ်များမှာ ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေး၊ လက်နက် ထိန်းချုပ်ရေး၊ ကုန်သွယ်ရေး၊ ဟောင်ကောင်နှင့် တောင်ကိုရီးယားနိုင်ငံအရေး ၊စာနယ် ဇင်းသမားများအပေါ်ဆန့်ကျင်သည့် လှုပ်ရှားမှုများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ပါသည်။
အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ၊ အိမ်ဖြူတော်နှင့် တရုတ်နိုင်ငံသံရုံး တို့သည် ခရီးစဉ်နှင့်ပတ်သက်၍ ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမရှိကြောင်း ဇွန်လ ၁၂ ရက်နေ့တွင် Politico အရ သိရှိရပါသည်။
>>zawgyi<<
ယခုအပတ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo သည် တရုတ်ကိုယ်စား လှယ်များနှင့်တွေ့ဆုံရန်အတွက် ဟာဝိုင်အီကျွန်းသို့သွားရောက်မည်

0 comments:

Post a Comment