Friday, June 26, 2020

နေပြည်တော်တွင် အခြေစိုက်ကာ တရားမဝင် သတင်းPAGE များထောင်ကာ သတင်းတုများ ဖန်တီးနေမှု့အား ထိထိရောက်‌ရောက်အရေးယူမည်ဟု ဦးဇော်ဌေးပြောကြား

ယနေ့ နောက်ဆုံးကျင်းပနေသော အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာဆောင်ရွက်ချက်နှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ရှင်းလင်းချက်တွင် သတင်းတုများ အင်တာနက်စာမျက်နှာပေါ်တွင် လွှင့်တင်နေမှုနှင့်ပတ်သက်၍ ပြောကြားလိုက်ခြင်းဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးမှ လက်ရှိကာလ ၂၀၂၀ ရွေးကောက်ပွဲ နီးလာပြီဖြစ်သဖြင့် အင်တာနက်စာမျက်နှာများတွင် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်၍ သတင်း PAGE, GROUPS များထောင်ကာ ပြုလုပ်နေမှုများရှိနေကြောင်း အဆိုပါ ပြုလုပ်နေမှုများသည် နေပြည်တော် အနီးတဝိုင်တွင်ပင် ြပုလုပ်နေခြင်းဖြစ်ကြောင်း သက်သေအခိုင်အမာဖြင့် စီစစ်ဆောင်ရွက်နေပြီး တရားဉပဒေအရ အရေးယူမှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိကျင်းပနေသော အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာဆောင်ရွက်ချက်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲများကို ဇွန်လ ၈ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ယနေ့တွင် ဝန်ကြီးဌာနအားလုံး ရှင်းလင်းပြောကြားမှုပြီးဆုံးသွားပြီဖြစ်သည်။

0 comments:

Post a Comment