Monday, June 15, 2020

မုဒုံမြို့နယ် NLD ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့်ပတ်သက်၍ သဘောထား မတိုက်ဆိုင်ဟုဆိုကာ မြို့မမြို့ဖသုံးဦး နုတ်ထွက်

မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့်ပတ်သက်၍ သဘောထား မတိုက်ဆိုင်ဟုဆိုကာ မြို့မမြို့ဖသုံးဦး နုတ်ထွက်ခဲ့ကြောင်း သိရသည်။
“ပါတီတွင်းကိစ္စလည်းဖြစ်တယ်။ နောက် တစ်ခုက ကိုယ်စားလှယ်လောင်းရွေးချယ်မှုက လည်း ဒါကအင်မတန်မှ အခြေခံကျတဲ့ရွေး ချယ်မှုပဲလေ။ အဲဒီတော့ ကျွန်တော်တို့နဲ့သဘောထားခြင်းမတိုက်ဆိုင်တဲ့အတွက် နုတ် ထွက်လိုက်တာဖြစ်ပါတယ်။ ဘာကြောင့်နုတ်ထွက်လိုက်လဲဆိုတာကတော့ မပြောလိုသေး ပါဘူး” ဟု နုတ်ထွက်ခဲ့သည့် မြို့ မိမြို့ဖတစ်ဦးဖြစ်သူ ဒေါက်တာသန်းဝင်းက ပြောကြားသည်။
ပါတီဌာနချုပ်မှ ချမှတ်ထားသော မူအရ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်သည့်အခါတွင် အဆင့်နှစ်ဆင့်ရှိကြောင်း၊ ပထမအဆင့်အနေဖြင့် ရွေးချယ်ခံကြမည့်လွှတ် တော်ကိုယ်စားလှယ်လောင်းများအား မြို့မိ မြို့ဖငါးဦးနှင့် ပါတီမြို့နယ်အလုပ်အမှုဆောင် ၁၅ ဦးဖြင့် ရွေးချယ်ရမည်ဖြစ်ကြောင်း၊ သို့သော် လည်း မုဒုံမြို့နယ် အလုပ်အမှုဆောင်များထဲ တွင် တစ်ဦးမှာ ကွယ်လွန်သွားပြီး တစ်ဦးမှာ နုတ်ထွက်သွားသည့်အတွက် ၁၃ ဦးသာရှိ ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ကိုယ်စား လှယ်လောင်းများရွေးချယ်ရာတွင် ညှိနှိုင်း၍ မရပါက လျှို့ဝှက်မဲပေးသည့်စနစ်ဖြင့် မဲပေး ရွေးချယ်မည်ဟု ညွှန်ကြားချက်ရှိကြောင်း မုဒုံ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူးဦးဇော်ဝင်းက ပြောကြားသည်။
“ကျွန်တော်တို့မှာက မြို့မိမြို့ဖက ငါးဦး၊ မြို့နယ်အလုပ်အမှုဆောင်က ၁၃ ဦးဆိုတော့ လျှို့ဝှက်မဲပေးမယ်ဆိုရင် မြို့နယ်အလုပ်အမှု ဆောင်တွေက မဲပေးလိုက်တာနဲ့ ကိုယ်စား လှယ်အဖြစ် အရွေးချယ်ခံရနိုင်တယ်ဆိုပြီး တော့ သူတို့သဘောမတူဘူးပေါ့ဗျာ။ အဲဒီ တော့ လျှို့ဝှက်မဲပေးတဲ့စနစ်ကို မကြိုက်ဘူး။ သဘာထားမှတ်ချက်နဲ့ရွေးချယ်ကြဖို့ ပြောကြ တော့ ကျွန်တော်တို့အနေနဲ့ကလည်း ဗဟိုက ညွှန်ကြားချက်အတိုင်း နောက်ဆုံးမှာ လျှို့ဝှက် မဲပေးတဲ့စနစ်နဲ့ပဲ မဲပေးရမယ်ဆိုတဲ့ကိစ္စကရှိ နေတယ်။ အဲဒီတော့ သူတို့က ဒီကိစ္စအပေါ်မှာဆက်လက်ဆောင်ရွက်လိုခြင်းမရှိဘူးဆိုပြီးတော့ ပြောတယ်။ ကျွန်တော်တို့ကလည်း ပြည်နယ်ပါတီကို အကြောင်းကြားတယ်။ ပြည် နယ်ကလည်း ပါတီဗဟိုကို အကြောင်းကြား ပေးတယ်။ ဗဟိုက မြို့မိမြို့ဖ ငါးဦးမှာ သုံးဦး က ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိဘူး။ လျှို့ ဝှက်ဆန္ဒမဲပေးတဲ့စနစ်ကို သဘောမတူဘူးဆို တော့ ကျန်တဲ့နှစ်ယောက်နဲ့ပဲ ဆက်လုပ်ပါဆို ပြီးတော့ ကျွန်တော်တို့ကိုအကြောင်းပြန်လာ ပါတယ်။ အဲဒါနဲ့ ကျန်တဲ့မြို့မိမြို့ဖ နှစ်ဦးရယ်၊ မြို့နယ်အလုပ်အမှုဆောင် ၁၃ ဦးရယ်၊ ပါတီ အမျိုးသမီးရေးရာက တစ်ဦး အားလုံးပေါင်း ၁၆ ဦးနဲ့ပဲ လျှို့ဝှက်မဲစနစ်နဲ့ ကိုယ်စားလှယ် လောင်းတွေကို ရွေးချယ်ခဲ့ပါတယ်”ဟု ဦးဇော် ဝင်းက ပြောကြားသည်။
လက်ရှိတွင် မုဒုံမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုရွေးချယ်ပြီးဖြစ်ကြောင်း၊ မဲဆန္ဒနယ်တစ်ခုလျှင် မဲအများဆုံး ရသည့် ကိုယ်စားလှယ်လောင်း ဦးစားပေး (၁)၊ ဦးစားပေး(၂)ဟူ၍ နှစ်ဦး ရွေးချယ်ထားပြီး စုစုပေါင်း ရှစ်ဦးဖြစ်ကြောင်းနှင့် အဆိုပါ ကိုယ်စားလှယ်လောင်းစာရင်းများကို ပါတီ ပြည်နယ်အဆင့်သို့ တင်ပြထားကြောင်း ၎င်းကပြောကြားသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် မုဒုံမြို့နယ်၌ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်နှင့် ပြည်နယ်လွှတ် တော်မဲ ဆန္ဒနယ်မြေအမှတ် (၁) စသည့် နေရာသုံးနေ ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ကိုယ်စားလှယ်လောင်းများအနိုင်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေအမှတ် (၂) နေရာအား ယခင် မွန်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်းက အနိုင်ရရှိခဲ့သည်။
Ref ; Eleven

0 comments:

Post a Comment