Saturday, June 20, 2020

၂၀၂၀ရွေးကောက်ပွဲအတွက် NLD ပါတီမှ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်း (၅၀၀)ဦးကျော်စီ ဆန္ဒပြုထားကြောင်း သိရ

လာမည့်ရွေးကောက် ပွဲတွင်မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်များ၌ဝင်ရောက်ယှဉ်ပြိုင်ရန် ဒီချုပ်ပါတီဝင် ၅၆၂ ဦး အဆို ပြုလွှာတင်ထားပြီး လက်ရှိရွေး ချယ်ခံထားရသည့် ကိုယ်စားလှယ် အားလုံးနီးပါး ပါဝင်ကြောင်း NLD မန်းတိုင်းဒေသကြီး ဒီချုပ်ပါတီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားထားပြီး ရန်ကုန်တိုင်းဒေသကြီးတွင်လည်း NLD ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသူ (၅၀၀)ဦးကျော်ရှိကြောင်း NLDပါတီ ရန်ကုန်တိုင်းပါတီ၊ ဥက္ကဌ ဦးမြင့်ဌေးက ပြောကြားခဲ့ကြောင်း သိရသည်။
မန်းတိုင်းအတွက် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်လောင်းနေရာတွင် ၁၄၈ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း နေရာ အတွက် ၁၃၃ ဦး၊ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)အတွက် ၁၃၇ ဦး၊ တိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ် (၂)အတွက် ၁၄၀ ဦးနှင့် ရှမ်းတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးနေရာအတွက်လေး ဦးအဆိုပြုလွှာတင်ထားကြောင်း သိရပြီး ‘‘လက်ရှိကိုယ်စားလှယ်တွေ အားလုံးနီးပါးပြန်လျှောက်တယ်။ ခြောက်ဦးလောက်ပဲ ကျန်းမာရေး ကြောင့်၊ အသက်အရွယ်ကြောင့် မလျှောက်ဘူး’’ဟု ဦးတင်ထွဋ်ဦး က ပြောကြားခဲ့သည်။
NLD ပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ပထမအဆင့်အဖြစ် သက်ဆိုင်ရာ မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့နှင့် မြို့မိမြို့ဖငါးဦးတို့က စိစစ်ရွေးချယ်ခဲ့ပြီး မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းများကို ဇွန်လ ၁၅ ရက်တွင် အပြီးသတ်ခဲ့ပြီး တိုင်းအဆင့် ကိုယ်စားလှယ်လောင်း ရွေးချယ် ခြင်းလုပ်ငန်းများကို ဇွန်လကုန်တွင် အပြီးသတ်ကာ ဗဟိုအဆင့်သို့ ဆက်လက်ပေးပို့မည်ဟု သိရသည်။
မြို့နယ်အဆင့်မှ ကိုယ်စား လှယ်လောင်း ရွေးချယ်ရာတွင် အဆိုပြုသူများအနက်မှ ပထမအဆင့်ဦးစားပေး၊ ဒုတိယအဆင့်ဦးစားပေး နှစ်ဦးရွေးချယ်ပြီး ကျန်ရွေးချယ်ထားခြင်းမခံရသူများ စာရင်းကိုလည်း တိုင်းအဆင့်သို့ ပေးပို့ရသည်ဟုသိရသည်။
နောက်ဆုံးအဆင့်တွင် ရွေးချယ်မှု လေးဆင့်မြောကဖြစ်သော ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့(CEC) အဖွဲ့ကရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment