Thursday, June 18, 2020

၂၀၂၀ ရွေးကောက်ပွဲ၌ NLD ပါတီသည် ၂၀၁၅ ကဲ့သို့ သောင်ပြိုကမ်းပြိုနိုင်မည့်အခြေ အနေမရှိကြောင်း တ.စ.ည ပါတီ ပြောဆို

၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အနေအထား၊ လက်ရှိအာဏာရပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၂၀၁၅ ကဲ့သို့ သောင်ပြိုကမ်းပြို နိုင်မည့်အခြေအနေမရှိကြောင်း ၊ တိုင်းရင်းသားပါတီများ၏ နိုင်ငံရေးအခြေအနေများနှင့်ပတ်သတ်၍ တ.စ.ည ပါတီ အတွင်းရေးမှူးဦးထွန်းရီက ပြောကြားခဲ့သည်။
“ဖြတ်သန်းလာခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ စပ်ကြားကာလမှာ လက်ရှိအာဏာရတဲ့ပါတီဟာလည်းပဲ ရွေးကောက်ပွဲမှာပေးထားတဲ့ ကတိကဝတ်တွေကို ပီပီပြင်ပြင်အကောင်ထည်ဖေါ်နိုင်မှုအားနည်းတာနဲ့အမျှ ပြည်သူတွေထဲမှာ လာမယ့်ရွေးကောက်ပွဲကြရင် တော့ ပါတီကိုလည်းကြည့်မယ် လူကိုလည်းကြည့်မယ်ဆိုပြီး မဲဆန္ဒရှင်ပြည်သူတွေရဲ့ အတွေးအခေါ်မြင့်မားလာတာနဲ့အမျှ လာမယ့်ရွေးကောက်ပွဲမှာ NLD အနေနဲ့ ၂၀၁၅ ရွေး ကောက်ပွဲလောက် သောင်ပြိုကမ်းပြိုနိုင်မယ့်အခြေအနေမရှိဘူး” ဦးထွန်းရီ (အတွင်းရေးမှူး-တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)က ပြောကြားခဲ့ကြောင်း သိရှိရသည်။
Ref ; People Media

0 comments:

Post a Comment