Monday, June 15, 2020

NLD ထိပ်တန်းခေါင်းဆောင်များ မဲဆန္ဒနယ်မြေဟောင်းမှာ ရွေးကောက်ပွဲဝင်မည်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် လာမယ့် ရွေးကောက်ပွဲမှာ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး နီးစပ်သူတွေက ပြောပါတယ်။ အဲဒီနေရာအတွက် ပေးပို့လာတဲ့ စာရင်းမှာ သမ္မတ ဦးဝင်းမြင့် နာမည် တစ်ခုပဲရှိတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လည်း ၂၀၁၅ မှာ သူအနိုင်ရခဲ့တဲ့ လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)နေရာကနေ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန်က အတည်ပြုပြောဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လည်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
NLD ပါတီက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ သက်ဆိုင်ရာ မြို့နယ်တွေမှာ မြို့မိ၊ မြို့ဖတွေနဲ့ ကော်မတီဖွဲ့ပြီး ရွေးချယ်စိစစ်နေတာဖြစ်ပါတယ်။
Ref ; RFA

0 comments:

Post a Comment