Tuesday, June 16, 2020

NATO အဖွဲ့၏ အဓိကမဟာမိတ်ဖြစ်သော ဂျာမနီနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များအား ထက်ဝက်လျှော့ချသွားမည်ဖြစ်ကြောင်း သမ္မတ ထရန့်ပြောကြား

ဂျာမနီနိုင်ငံသည် NATO အဖွဲ့အား ငွေကြေးအလုံအလောက် ပေးချေမှုမရှိသည့်အပြင် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးတွင် ဆိုးရွားစွာ ပြုမူဆက်ဆံနေသည့်အတွက် ဂျာမနီနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များအား ထက်ဝက်လျှော့ချသွားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်မှ ဇွန်လ ၁၅ ရက်နေ့က ပြောကြားခဲ့ပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ ဂျာမနီနိုင်ငံတွင် အမေရိကန်စစ်သည် ၅၂,၀၀၀ တပ်စွဲထားကြောင်း၊ ၎င်းသည် အမေရိကန်နိုင်ငံအတွက် ကြီးမားသော ကုန်ကျစရိတ် ဖြစ်ပြီး စစ်အင်အား ၂၅,၀၀၀ ထိ လျှော့ချသွားမည်ဖြစ်ကြောင်း သတင်းထောက်များ အား ပြောကြားခဲ့ပါသည်။
ဂျာမနီနိုင်ငံတွင် အမြဲတမ်းတပ်စွဲထားသည့် အမေရိကန် စစ်သည်အရေအတွက် မှာ ၃၄,၀၀၀ မှ ၃၅,၀၀၀ ကြား ရှိသည်ဟု ပင်တဂွန်၏ ပြောကြားချက်အရ သိရှိရပြီး သမ္မတ ဒေါ်နယ်ထရန့်ပြောကြားသည့် အရေအတွက်များမှာ လွဲမှားမှုများရှိနေပါသည်။ တပ်ဖွဲ့များ၏ အလှည့်ကျတာဝန်ထမ်းဆောင်မှုများအရ စစ်သည်အရေအတွက်မှာ ယာယီ ၅၀,၀၀၀ အထိရှိနေသည်ကို ဆိုလိုခြင်းဖြစ်နိုင်ကြောင်း ပင်တဂွန်မှ ပြောကြားခဲ့ ပါသည်။
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ ဂျာမနီ၊ ဥရောပနှင့် အမေရိကန် ဦးဆောင်သည့် NATO မဟာမိတ်အဖွဲ့များအား ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်တပ်ဖွဲ့များသည် ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံတွင် တပ်စွဲထားခဲ့ပြီး ၎င်းတပ်ဖွဲ့များအား စစ်အေးတိုက်ပွဲအတွင်း ရုရှားနိုင်ငံ ဆန့်ကျင်သည့် NATO အဖွဲ့၏ ပုံမှန်ကာကွယ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ ပါသည်။
သမ္မတဗလာဒီမာပူတင်လက်ထက်တွင် ရုရှားနိုင်ငံ၏ စစ်ရေးရည်မှန်းချက်များ ပြန်လည်ပေါ်ပေါက်လာမှုသည် အမေရိကန်နိုင်ငံ၏ ပိုမိုခိုင်မာသည့် ကာကွယ်ရေးနှင့် ပတ်သက်၍ ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ၏ ဖိအားပေးဆောင်ရွက်မှုများ ကို ဖြစ်ပေါ်စေခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း အမေရိကန်နိုင်ငံ၏ နေရာချ ထားမှုအသစ်များကို ဖြစ်ပေါ်စေခဲ့ပါသည်။
သမ္မတဒေါ်နယ်ထရန့်မှ ဂျာမနီနိုင်ငံသည် NATO အဖွဲ့အား ငွေကြေးအလုံအလောက် ပေးချေမှုမရှိခဲ့သည့်အတွက် အပြစ်ပေးလိုကြောင်း၊ ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေး စစ်ပွဲတွင် ၎င်း၏ ခြိမ်းခြောက်မှုများကို ထောက်ခံရန် တပ်ဖွဲ့များအား လက်နက်အဖြစ် အသုံးပြုလိုကြောင်း ပြောကြားခဲ့ပါသည်။
ဂျာမနီနိုင်ငံသည် NATO အဖွဲ့သို့ ဒေါ်လာဘီလီယံပေါင်းများစွာ ပေးဆောင်ရန် ကျန်ရှိနေကြောင်း၊ မိမိတို့အနေဖြင့် ဂျာမနီနိုင်ငံနှင့် ၎င်း၏ ဆိုးရွားသည့်လုပ်ရပ်များကို ကာကွယ်နေကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်မှုသည် အဓိပ္ပါယ်မရှိကြောင်း သမ္မတ ဒေါ်နယ်ထရန့်မှ ပြောကြားခဲ့ပါသည်။
source-Channel News Asia #Myanmar_Online_News
>>zawgyi<<
NATO အဖွဲ့၏ အဓိကမဟာမိတ်ဖြစ်သော ဂျာမနီနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များအား ထက်ဝက်လျှော့ချသွားမည်ဖြစ်ကြောင်း သမ္မတ ထရန့်ပြောကြား
Tuesday, June 16, 2020
ဂျာမနီနိုင်ငံသည် NATO အဖွဲ့အား ငွေကြေးအလုံအလောက် ပေးချေမှုမရှိသည့် အပြင် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးတွင် ဆိုးရွားစွာ ပြုမူဆက်ဆံနေသည့်အတွက် ဂျာမနီနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များအား ထက်ဝက်လျှော့ချသွားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်မှ ဇွန်လ ၁၅ ရက်နေ့က ပြောကြားခဲ့ပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ ဂျာမနီနိုင်ငံတွင် အမေရိကန်စစ်သည် ၅၂,၀၀၀ တပ်စွဲထားကြောင်း၊ ၎င်းသည် အမေရိကန်နိုင်ငံအတွက် ကြီးမားသော ကုန်ကျစရိတ် ဖြစ်ပြီး စစ်အင်အား ၂၅,၀၀၀ ထိ လျှော့ချသွားမည်ဖြစ်ကြောင်း သတင်းထောက်များ အား ပြောကြားခဲ့ပါသည်။
ဂျာမနီနိုင်ငံတွင် အမြဲတမ်းတပ်စွဲထားသည့် အမေရိကန် စစ်သည်အရေအတွက် မှာ ၃၄,၀၀၀ မှ ၃၅,၀၀၀ ကြား ရှိသည်ဟု ပင်တဂွန်၏ ပြောကြားချက်အရ သိရှိရပြီး သမ္မတ ဒေါ်နယ်ထရန့်ပြောကြားသည့် အရေအတွက်များမှာ လွဲမှားမှုများရှိနေပါသည်။ တပ်ဖွဲ့များ၏ အလှည့်ကျတာဝန်ထမ်းဆောင်မှုများအရ စစ်သည်အရေအတွက်မှာ ယာယီ ၅၀,၀၀၀ အထိရှိနေသည်ကို ဆိုလိုခြင်းဖြစ်နိုင်ကြောင်း ပင်တဂွန်မှ ပြောကြားခဲ့ ပါသည်။
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ ဂျာမနီ၊ ဥရောပနှင့် အမေရိကန် ဦးဆောင်သည့် NATO မဟာမိတ်အဖွဲ့များအား ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်တပ်ဖွဲ့များသည် ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံတွင် တပ်စွဲထားခဲ့ပြီး ၎င်းတပ်ဖွဲ့များအား စစ်အေးတိုက်ပွဲအတွင်း ရုရှားနိုင်ငံ ဆန့်ကျင်သည့် NATO အဖွဲ့၏ ပုံမှန်ကာကွယ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ ပါသည်။
သမ္မတဗလာဒီမာပူတင်လက်ထက်တွင် ရုရှားနိုင်ငံ၏ စစ်ရေးရည်မှန်းချက်များ ပြန်လည်ပေါ်ပေါက်လာမှုသည် အမေရိကန်နိုင်ငံ၏ ပိုမိုခိုင်မာသည့် ကာကွယ်ရေးနှင့် ပတ်သက်၍ ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ၏ ဖိအားပေးဆောင်ရွက်မှုများ ကို ဖြစ်ပေါ်စေခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း အမေရိကန်နိုင်ငံ၏ နေရာချ ထားမှုအသစ်များကို ဖြစ်ပေါ်စေခဲ့ပါသည်။
သမ္မတဒေါ်နယ်ထရန့်မှ ဂျာမနီနိုင်ငံသည် NATO အဖွဲ့အား ငွေကြေးအလုံအလောက် ပေးချေမှုမရှိခဲ့သည့်အတွက် အပြစ်ပေးလိုကြောင်း၊ ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေး စစ်ပွဲတွင် ၎င်း၏ ခြိမ်းခြောက်မှုများကို ထောက်ခံရန် တပ်ဖွဲ့များအား လက်နက်အဖြစ် အသုံးပြုလိုကြောင်း ပြောကြားခဲ့ပါသည်။
ဂျာမနီနိုင်ငံသည် NATO အဖွဲ့သို့ ဒေါ်လာဘီလီယံပေါင်းများစွာ ပေးဆောင်ရန် ကျန်ရှိနေကြောင်း၊ မိမိတို့အနေဖြင့် ဂျာမနီနိုင်ငံနှင့် ၎င်း၏ ဆိုးရွားသည့်လုပ်ရပ်များကို ကာကွယ်နေကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်မှုသည် အဓိပ္ပါယ်မရှိကြောင်း သမ္မတ ဒေါ်နယ်ထရန့်မှ ပြောကြားခဲ့ပါသည်။
source-Channel News Asia #Myanmar_Online_News

0 comments:

Post a Comment