Tuesday, June 16, 2020

အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ထားသော ကော့ခ်ဘဇားဒုက္ခသည်စခန်း၌ မြန်မာ MPT ဆင်းမ်ကတ်များကို ဖမ်းဆီးရမိ

ကော့ခ်ဘဇားဒေသရှိ အူခီယာနှင့် တက္ကနဖ်ဒုက္ခသည်စခန်းများတွင် အင်တာနက်အသုံးပြုမှုကို ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ မိုဘိုင်းအော်ပရေတာများက ပိတ်ပင်ထားသော်လည်း ဒုက္ခသည်ဘင်္ဂါလီ တို့အတွက် မည်သို့မျှ ထူးခြားသွားခြင်းမရှိချေ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT (Myanmar Post and Telecommunication) ကွန်ယက်မှတဆင့် 3G နှင့် 4G ဝန်ဆောင်မှုတို့ကို ဒုက္ခသည်စခန်းအများစုတို့၌ အကြီးအကျယ် အသုံးပြုလျှက်ရှိသည်။
၎င်းအတွက် ရရှိလာသည့် ရလဒ်မှာ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ခြင်းနှင့် ရာဇဝတ်မှုများ ထူပြောလျှက် ဒုက္ခသည်ဘင်္ဂါလီတို့အတွင်း ဥပဒေပြင်ပလှုပ်ရှားမှုများ ဖြစ်ပေါ်လာစေကြောင်း ဘင်္ဂလားအခြေစိုက် Ukhiya News က ယမန်နေ့ ရေးသားသည်။
တနင်္ဂနွေ ( ဇွန် ၁၄ - ရက်) မွန်းလွဲပိုင်းတွင် ( အူခီယာနယ်မြေ ရဲတပ်ဖွဲ့ ) တွဲဘက်စခန်းမှူး နီဟတ်အဒမ်တိုင်ယန် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက ဒုက္ခသည်ဘင်္ဂါလီစခန်းများအတွင်း ဝင်ရောက်စီးနင်းရှာဖွေရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MTP SIM cards ၄၀ ကို ဖမ်းဆီးရမိသည်။ ယခင်ကလည်း MTP SIM cards များကို သိမ်းဆည်းနိုင်ခဲ့ရာ အဆိုပါ ဆင်းမ်ကတ်များမှာ မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်းလာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုသည်။
ဒုက္ခသည်ဘင်္ဂါလီများနှင့် နီးစပ်သူတစ်ဦးအဆိုအရမူ အူခီယာနှင့် တက္ကနဖ်ရှိ ဒုက္ခသည်စခန်းများတွင် မြန်မာ MPT SIM Card များကို ထောင်နှင့်ချီလျှက် အသုံးပြုနေကြောင်း သိရှိရသည်။ ဒုက္ခသည်ဘင်္ဂါလီအများစုတို့သည် မူးယစ်ဆေးမှောင်ခိုရောင်းဝယ်ခြင်းနှင့် ရာဇဝတ်မှုကိစ္စများတွင် မြန်မာ MPT SIM ကတ်များကို အသုံးပြုလျှက်ရှိကြောင်း၊ ထို့ကြောင့်လည်း တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတို့အနေဖြင့် ၎င်းကဲ့သို့ မိုဘိုင်း ဖုန်းနံပါတ်များအသုံးပြု၍ ကျူလွန်သော ရာဇဝတ်များအား အလွယ်တကူ ကိုင်တွယ်ရန်ခဲယဉ်းလျှက်ရှိကြောင်း သိရှိရသည်။
crd-Htay Oung #Myanmar_Online_News
>>zawgyi<<
အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ထားသော ကော့ခ်ဘဇားဒုက္ခသည်စခန်း၌ မြန်မာ MPT ဆင်းမ်ကတ်များကို ဖမ်းဆီးရမိ
Tuesday, June 16, 2020
ကော့ခ်ဘဇားဒေသရှိ အူခီယာနှင့် တက္ကနဖ်ဒုက္ခသည်စခန်းများတွင် အင်တာနက်အသုံးပြုမှုကို ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ မိုဘိုင်းအော်ပရေတာများက ပိတ်ပင်ထားသော်လည်း ဒုက္ခသည်ဘင်္ဂါလီ တို့အတွက် မည်သို့မျှ ထူးခြားသွားခြင်းမရှိချေ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT (Myanmar Post and Telecommunication) ကွန်ယက်မှတဆင့် 3G နှင့် 4G ဝန်ဆောင်မှုတို့ကို ဒုက္ခသည်စခန်းအများစုတို့၌ အကြီးအကျယ် အသုံးပြုလျှက်ရှိသည်။ ၎င်းအတွက် ရရှိလာသည့် ရလဒ်မှာ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ခြင်းနှင့် ရာဇဝတ်မှုများ ထူပြောလျှက် ဒုက္ခသည်ဘင်္ဂါလီတို့အတွင်း ဥပဒေပြင်ပလှုပ်ရှားမှုများ ဖြစ်ပေါ်လာစေကြောင်း ဘင်္ဂလားအခြေစိုက် Ukhiya News က ယမန်နေ့ ရေးသားသည်။
တနင်္ဂနွေ ( ဇွန် ၁၄ - ရက်) မွန်းလွဲပိုင်းတွင် ( အူခီယာနယ်မြေ ရဲတပ်ဖွဲ့ ) တွဲဘက်စခန်းမှူး နီဟတ်အဒမ်တိုင်ယန် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက ဒုက္ခသည်ဘင်္ဂါလီစခန်းများအတွင်း ဝင်ရောက်စီးနင်းရှာဖွေရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MTP SIM cards ၄၀ ကို ဖမ်းဆီးရမိသည်။ ယခင်ကလည်း MTP SIM cards များကို သိမ်းဆည်းနိုင်ခဲ့ရာ အဆိုပါ ဆင်းမ်ကတ်များမှာ မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်းလာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုသည်။
ဒုက္ခသည်ဘင်္ဂါလီများနှင့် နီးစပ်သူတစ်ဦးအဆိုအရမူ အူခီယာနှင့် တက္ကနဖ်ရှိ ဒုက္ခသည်စခန်းများတွင် မြန်မာ MPT SIM Card များကို ထောင်နှင့်ချီလျှက် အသုံးပြုနေကြောင်း သိရှိရသည်။ ဒုက္ခသည်ဘင်္ဂါလီအများစုတို့သည် မူးယစ်ဆေးမှောင်ခိုရောင်းဝယ်ခြင်းနှင့် ရာဇဝတ်မှုကိစ္စများတွင် မြန်မာ MPT SIM ကတ်များကို အသုံးပြုလျှက်ရှိကြောင်း၊ ထို့ကြောင့်လည်း တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတို့အနေဖြင့် ၎င်းကဲ့သို့ မိုဘိုင်း ဖုန်းနံပါတ်များအသုံးပြု၍ ကျူလွန်သော ရာဇဝတ်များအား အလွယ်တကူ ကိုင်တွယ်ရန်ခဲယဉ်းလျှက်ရှိကြောင်း သိရှိရသည်။
crd-Htay Oung #Myanmar_Online_News

0 comments:

Post a Comment