Friday, June 19, 2020

ဩစတြေးလျနိုင်ငံတွင် နိုင်ငံတစ်နိုင်ငံမှ ကျောထောက်နောက်ခံပေးထားသည့် ဆိုက်ဘာတိုက်ခိုက်မှုများခံနေရကြောင်း ဝန်ကြီးချုပ် Morrison ပြောကြား

နိုင်ငံတစ်နိုင်ငံမှ ကျောထောက်နောက်ခံပေးထားသည့် ဆိုက်ဘာအဖွဲ့တစ်ဖွဲ့ သည် ဩစတြေးလျနိုင်ငံရှိ အဖွဲ့အစည်းများကို တိုက်ခိုက်ရန် လပေါင်းများစွာ ကြိုးပမ် ခဲ့ပြီး မကြာသေးမီကလည်း ၎င်း၏ ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ဆောင်ရွက် ခဲ့ကြောင်း ဝန်ကြီးချုပ် Scott Morrison မှ ဇွန်လ ၁၉ ရက်နေ့က ပြောကြားခဲ့ပါသည်။
အဆိုပါ တိုက်ခိုက်မှုများသည် အစိုးရ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုပေးသူများနှင့် အရေးပါသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားလျက်ရှိကြောင်း ဝန်ကြီးချုပ် Morrison မှ Canberra မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ် Morrison မှ လပေါင်းများစွာ တိုက်ခိုက်မှုများ ပိုမိုများပြားလာပြီး တိုက်ခိုက်သူများ၏ ရည်ရွယ်ချက်ကို သိရှိရန်ခက်ခဲကြောင်း၊ ဆိုက်ဘာတိုက်ခိုက်မှုများ နှင့်ပတ်သက်၍ အတိုက်အခံခေါင်းဆောင်နှင့် ပြည်နယ်ခေါင်းဆောင်များကို အသိပေး အကြောင်းကြားခဲ့ပြီး ၎င်းမှာ အန္တရာယ်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ် Morrison မှ ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုပုံစံများကို အသေးစိတ် ပြောကြားခဲ့ခြင်းမရှိသော်လည်း ပုဂ္ဂိလ်ရေးအချက်အလက်များ ပေါက်ကြားခဲ့ခြင်း မရှိ ကြောင်းနှင့် တိုက်ခိုက်မှုအများစုမှာ အောင်မြင်မှုမရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
Morrison မှ ဆိုက်ဘာ တိုက်ခိုက်ခံရမှုသည် အသစ်အဆန်းမဟုတ်သော်လည်း အန္တရယ်ရှိကြောင်းပြောကြားခဲ့ပြီး ဩစတြေးလျ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအား မိမိ ကိုယ်ကို ကာကွယ်ရန် တိုက်တွန်းခဲ့ပါသည်။
လူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်ခံရသည်ကို မတွေ့ရှိရသေး ကြောင်း ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်ဟု ABC သတင်းဌာနက ထုတ်ပြန်ကြေညာ ခဲ့ပါသည်။
ဝန်ကြီးချုပ် Morrison မှ ယခုကဲ့သို့ တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည့် နိုင်ငံတစ် နိုင်ငံ၏ကိုယ်စားဆောင်ရွက်ပေးနေသော အဖွဲ့အများအပြားမရှိသော်လည်း ဩစတြေးလျ နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံတွင် တာဝန်ရှိသည်ကို ထုတ်ဖော်သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး Linda Reynolds မှ တိုက်ခိုက်မှုများတွင် ကြီးမားသည့် ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်ခံရခြင်းမရှိကြောင်း ပြောကြား ခဲ့ပါသည်။
လွန်ခဲ့သောနှစ် မတ်လက ဩစတြေးလျပါလီမန် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံတွင် တာဝန်ရှိကြောင်း ဩစတြေးလျနိုင်ငံမှ ဆုံးဖြတ်ခဲ့သည်ဟု Reuters သတင်းဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဩစတြေးလျနိုင်ငံသည် တိုက်ခိုက်ခံရမှုများ နှင့်ပတ်သက်၍ လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါ။ တရုတ်နိုင်ငံအနေဖြင့် ၎င်းတွင်တာဝန်ရှိသည်ဆိုသော ပြောဆိုမှုများကို ငြင်းဆိုနေခဲ့ပါသည်။
အမေရိကန်နိုင်ငံ၏ လုံခြုံရေးမဟာမိတ်ဖြစ်သည့် ဩစတြေးလျနိုင်ငံသည် လွန်ခဲ့ သောနှစ်နှောင်းပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့တွင် စတင်ပေါ်ပေါက်ခဲ့သော COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တွန်းအားပေးမှုများပြုလုပ်ခဲ့သည့်အတွက် ၎င်း၏ အကြီးမားဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးများ တင်းမာလာခဲ့ပါသည်။
crd-Channel News Asia #Myanmar_Online_News
>>zawgyi<<
ဩစတြေးလျနိုင်ငံတွင် နိုင်ငံတစ်နိုင်ငံမှ ကျောထောက်နောက်ခံပေးထားသည့် ဆိုက်ဘာ တိုက်ခိုက်မှုများခံနေရကြောင်း ဝန်ကြီးချုပ် Morrison ပြောကြား
Friday, June 19, 2020
နိုင်ငံတစ်နိုင်ငံမှ ကျောထောက်နောက်ခံပေးထားသည့် ဆိုက်ဘာအဖွဲ့တစ်ဖွဲ့ သည် ဩစတြေးလျနိုင်ငံရှိ အဖွဲ့အစည်းများကို တိုက်ခိုက်ရန် လပေါင်းများစွာ ကြိုးပမ်း ခဲ့ပြီး မကြာသေးမီကလည်း ၎င်း၏ ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ဆောင်ရွက် ခဲ့ကြောင်း ဝန်ကြီးချုပ် Scott Morrison မှ ဇွန်လ ၁၉ ရက်နေ့က ပြောကြားခဲ့ပါသည်။
အဆိုပါ တိုက်ခိုက်မှုများသည် အစိုးရ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုပေးသူများနှင့် အရေးပါသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားလျက်ရှိကြောင်း ဝန်ကြီးချုပ် Morrison မှ Canberra မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ် Morrison မှ လပေါင်းများစွာ တိုက်ခိုက်မှုများ ပိုမိုများပြားလာပြီး တိုက်ခိုက်သူများ၏ ရည်ရွယ်ချက်ကို သိရှိရန်ခက်ခဲကြောင်း၊ ဆိုက်ဘာတိုက်ခိုက်မှုများ နှင့်ပတ်သက်၍ အတိုက်အခံခေါင်းဆောင်နှင့် ပြည်နယ်ခေါင်းဆောင်များကို အသိပေး အကြောင်းကြားခဲ့ပြီး ၎င်းမှာ အန္တရာယ်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ် Morrison မှ ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုပုံစံများကို အသေးစိတ် ပြောကြားခဲ့ခြင်းမရှိသော်လည်း ပုဂ္ဂိလ်ရေးအချက်အလက်များ ပေါက်ကြားခဲ့ခြင်း မရှိ ကြောင်းနှင့် တိုက်ခိုက်မှုအများစုမှာ အောင်မြင်မှုမရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
Morrison မှ ဆိုက်ဘာ တိုက်ခိုက်ခံရမှုသည် အသစ်အဆန်းမဟုတ်သော်လည်း အန္တရယ်ရှိကြောင်းပြောကြားခဲ့ပြီး ဩစတြေးလျ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအား မိမိ ကိုယ်ကို ကာကွယ်ရန် တိုက်တွန်းခဲ့ပါသည်။
လူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်ခံရသည်ကို မတွေ့ရှိရသေး ကြောင်း ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်ဟု ABC သတင်းဌာနက ထုတ်ပြန်ကြေညာ ခဲ့ပါသည်။
ဝန်ကြီးချုပ် Morrison မှ ယခုကဲ့သို့ တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည့် နိုင်ငံတစ် နိုင်ငံ၏ကိုယ်စားဆောင်ရွက်ပေးနေသော အဖွဲ့အများအပြားမရှိသော်လည်း ဩစတြေးလျ နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံတွင် တာဝန်ရှိသည်ကို ထုတ်ဖော်သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး Linda Reynolds မှ တိုက်ခိုက်မှုများတွင် ကြီးမားသည့် ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်ခံရခြင်းမရှိကြောင်း ပြောကြား ခဲ့ပါသည်။
လွန်ခဲ့သောနှစ် မတ်လက ဩစတြေးလျပါလီမန် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံတွင် တာဝန်ရှိကြောင်း ဩစတြေးလျနိုင်ငံမှ ဆုံးဖြတ်ခဲ့သည်ဟု Reuters သတင်းဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဩစတြေးလျနိုင်ငံသည် တိုက်ခိုက်ခံရမှုများ နှင့်ပတ်သက်၍ လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါ။ တရုတ်နိုင်ငံအနေဖြင့် ၎င်းတွင်တာဝန်ရှိသည်ဆိုသော ပြောဆိုမှုများကို ငြင်းဆိုနေခဲ့ပါသည်။
အမေရိကန်နိုင်ငံ၏ လုံခြုံရေးမဟာမိတ်ဖြစ်သည့် ဩစတြေးလျနိုင်ငံသည် လွန်ခဲ့ သောနှစ်နှောင်းပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့တွင် စတင်ပေါ်ပေါက်ခဲ့သော COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တွန်းအားပေးမှုများပြုလုပ်ခဲ့သည့်အတွက် ၎င်း၏ အကြီးမားဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးများ တင်းမာလာခဲ့ပါသည်။
crd-Channel News Asia #Myanmar_Online_News

0 comments:

Post a Comment