Saturday, June 20, 2020

အစိုးရ၏ ဒုတိယအကြိမ် ထောက်ပံ့မှုအတွက် ပုဗ္ဗသီရိ၊ မိတ္ထီလာနှင့် ကလောမြို့တို့ရှိ အိမ်ထောင်စုများကို Mobile Payment ဖြင့် ကျပ်နှစ်သောင်း စတင်ထောက်ပံ့မည်ဖြစ်ကြောင်းသိရ

အစိုးရက ဒုတိယအကြိမ် ထောက်ပံ့မှုအတွက် အခြေခံလူတန်းစားအိမ်ထောင်စု ငါးသန်းကျော်ရှိပြီး ပုဗ္ဗသီရိ၊ မိတ္ထီလာနှင့် ကလောမြို့ရှိ အိမ်ထောင်စုများကို Mobile payment ဖြင့်ကျပ်နှစ်သောင်း စတင်ထောက်ပံ့မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
ဇွန် ၁၉ ရက်တွင် ပြုလုပ်သည့် နိုင်ငံ တော်သမ္မတအိမ်တော် သတင်းစာရှင်းလင်း ပွဲတွင် အခြေခံလူတန်းစားများကို ဒုတိယ အကြိမ် ထောက်ပံ့မှုနှင့်ပတ်သက်၍ ဦးဇော် ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဘယ်ဧရိယာတွေ ဘယ် Mobile payment အဆင်ပြေမလဲပေါ့။ဒါတွေလည်း ညှိနှိုင်းဆွေးနွေးတာတွေရှိတဲ့အချိန်မှာ တစ်နိုင်ငံလုံးကို ပေးထားတဲ့စာရင်း Pilot အနေနဲ့ သုံးမြို့နယ် ရွေးလိုက်ပါတယ်။နံပါတ် တစ်ကတော့ နေပြည်တော်မှာ ပုဗ္ဗသီရိမြို့ နယ်ဖြစ်ပါတယ်။ နံပါတ်နှစ်ကတော့မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ဖြစ်ပါတယ်။နံပါတ်သုံးကတော့ ရှမ်းပြည်နယ် ကလော မြို့နယ်ဖြစ်ပါတယ်။ ပုဗ္ဗသီရိရယ်၊ မိတ္ထီလာ ရယ်၊ ကလောရယ် ဒီသုံးမြို့နယ်ကို Mobile payment နဲ့စပြီးတော့ Pilot အနေနဲ့ နှစ်သောင်းကို ပေးတဲ့တာကို လုပ်မှာဖြစ်ပါတယ် ”ဟု ဦးဇော်ဌေးက ပြောကြားသည်။
အဆိုပါထောက်ပံ့မှုနှင့်ပတ်သက်၍ CERP အရ Mobile payment ပေးနိုင်ရန် စီစဉ်ခဲ့ပြီး စာရင်းကောက်ယူရာတွင် အိမ်ထောင်စုများ၏ ဖုန်းနံပါတ်ကိုပါ ကောက်ယူထားသဖြင့် Mobile payment လုပ်ရာတွင် wave money ၊ ဘဏ် payment များ၊ တယ် လီဖုန်းအော်ပရေတာများ၏ payment များ စသည့်တို့ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
ထို့ပြင် ပထမအကြိမ် ထောက်ပံ့စဉ်က အခြေခံလူတန်းစား အိမ်ထောင်စုစာရင်း ကောက်ယူရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့သည့်အိမ်ထောင်စုများနှင့် အိမ်နီးချင်းနိုင်ငံမှပြန်လာသည့် အိမ်ထောင်စု များစုစုပေါင်း ၁ ဒသမ ၄ သန်းကို ကျပ် ၁၅၀၀၀ ကို အိမ်တိုင်ရာ ရောက် ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
“ဒီလိုမျိုးဝေပါဆိုတာကို အမျိုးသား အဆင့် COVID-19 ကာ၊ ထိန်း၊ကု ဗဟို ကော်မတီကတော့ ညွှန်ကြားချက်ထွက်ထားပြီ။ သက်ဆိုင်တဲ့ စီမံ၊ဘဏ္ဍာနဲ့ထွေအုပ်ပေါ့။သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေက ဆက်လက် ဆောင်ရွက်ဖို့ အဲဒီတော့ ကျွန်တော်တို့က တော့ အမြန်ဆုံးလုပ်ခိုင်းထားတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
ဧပြီလ ရုံးပိတ်ရက်တွင် အစိုးရက အခြေခံလူတန်းစားများကို အိမ်ထောင်စု အလိုက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်များ ထောက်ပံ့ခဲ့ရာတွင် ကျပ် ဘီလျံ ၅၀ ကုန်ကျခဲ့ပြီး လူဦးရေအနေဖြင့် လေးသန်းကျော် ကိုထောက်ပံ့ခဲ့ကြောင်းနှင့် အမှန်တကယ် အခြေခံ လူတန်းစားအချို့ ကျန်ရှိခဲ့မှုများရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
Crd : 7Day

0 comments:

Post a Comment