Wednesday, June 24, 2020

ရန်ကုန်မြို့တော်ခန်းမရှိ မြေစီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုများကို MCC ခန်းမသို့ပြောင်းရွေ့ ဆောင်ရွက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်ပေးနေသည့် မြေစီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုများကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) ခန်းမတွင် ယနေ့ (ဇွန် ၂၄) မှ စတင်ကာ ပြောင်းရွေ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
COVID -19 ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးအသိပေးနှိုးဆော်မှုများနှင့် လမ်းညွှန်ချက်များအတိုင်း မြေစီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုကိစ္စရပ်များကို ပြီးခဲ့သည့်ဇွန်လ( ၂၂) ရက်နေ့က မြို့တော်ခန်းမအတွင်းနှင့် ပြင်ပ၌ မြေစီမံခန့်ခွဲမှုဆိုင်ရာ လာရောက်လျှောက်ထားမှု လွန်စွာများပြားလာခြင်းကြောင့် COVID-19 ကူးစက်မှုများမဖြစ်ပေါ်စေရေးအတွက် ဇွန်လ (၂၃) ရက်နေ့မှစ၍ မြို့တော်ခန်းမတွင် မြေစီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုဆောင်ရွက်ပေးနေခြင်း အားဆက် လက်ဆောင်ရွက်ပေးခြင်းမပြုတော့ဘဲ MCC ခန်းမသို့ ပြောင်းရွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေစီမံခန့်ခွဲမှုလုပ်ငန်းများကို MCC ခန်းမ၌ အပတ်စဉ်ရုံးဖွင့်ရက်ဖြစ်သော (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့)များ၌ နံနက်(၁၀)နာရီမှ နေ့လည် (၂)နာရီအထိ မြို့နယ် (၃၃)မြို့နယ်၏ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
Ref ; Iseen Media

0 comments:

Post a Comment