Monday, June 22, 2020

mask တပ်ခြင်းကြောင့် ကိုဗစ်ကူးစက်မှု ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို ကာကွယ်ရေးအတွက် အကောင်းဆုံးနည်းလမ်းဟာ mask တပ်ခြင်းဖြစ်ပြီး mask တပ်ခြင်းကြောင့် COVID-19 ကူးစက်မှု ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း လေ့လာတစ်ခုအရ သိရပါတယ်။
ဂျာမနီနိုင်ငံ မိန့်ဇ်က Johannes Gutenberg တက္ကသိုလ်နဲ့ ဒိန်းမတ်နိုင်ငံတောင်ပိုင်းက တက္ကသိုလ်တစ်ခုတို့ ပူးပေါင်းပြုလုပ်တဲ့ သုတေသနပြုချက်အရ မျက်နှာဖုံး mask တပ်ခြင်းကြောင့် အများပြည်သူကြားထဲသွားလာနေသူတွေအနေနဲ့ COVID-19 ကူးစက်မှုကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချစေနိုင်တယ်လို့ ဆိုပါတယ်။
ဒီလေ့လာမှုကို ဂျာမနီနိုင်ငံ Jena မြို့မှာ ဧပြီလ ၆ ရက်နေ့မှာ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး မြို့ထဲမှာသွားလာနေသူတွေကို mask တပ်စေခဲ့ကာ စမ်းသပ်မှုပြုလုပ်ခဲ့ရာ ရက် ၂၀ အကြာမှာ ဒီမြို့အတွင်း ကူးစက်မှုဟာ ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
နောက်ထပ်ဒေသတစ်ခုမှာပဲ ၎င်းတို့သုတေသန ပြုခဲ့ရာမှာတော့ ကိုဗစ် ကူးစက်မှုဟာ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားစေ တာကို တွေ့ရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
" ဒါဟာ ဂရုပြုလိုက်နာဖို့လိုအပ်တဲ့ ထိရောက်မှုတစ်ခုပါပဲ။ mask တပ်ခြင်းဟာ ကိုဗစ်ကာကွယ်ရေးမှာ အဓိကအချက် တစ်ခုအနေနဲ့ ရှိနေတယ်ဆိုတာကို ပြသနေတာပါ" လို့ the Institute of Labour Economicsကထုတ်ပြန်ခဲ့တဲ့ သုတေသနစာစောင်မှာ ရေးထားသားပါတယ်။
crd-Myanmar Harp #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment