Thursday, June 18, 2020

မွန်ပြည်နယ်တွင် Mask မတပ်သူများအား ဒဏ်ကြေးကောက်ရာ ကျပ် ၉၈ သိန်းခန့်ရရှိ

မွန်ပြည်နယ်တွင် mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူများအား ဒဏ်ငွေကောက်ရာ ကျပ် ၉၈ သိန်းခန့် ကောက်ခံရရှိထားကြောင်း ‌ပြည်နယ်အစိုးရရုံးအဖွဲ့ ညွှန်ကြားရေးမှူးဦးမြင့်သန်းဝင်းက ပြောသည်။မွန်ပြည်နယ် ၁၀ မြို့နယ် အတွင်း ဇွန်လ ၈ရက်မှ ၁၆ရက်အထိ အပြင်သွားလာရာတွင် နှာခေါင်းစည်း (Mask)မတပ်သူ ၃,၂၆၆ ဦးထံမှ တစ်ဦးလျှင် ကျပ်သုံးထောင်နှုန်းဖြင့် ဒဏ်ကြေး ကျပ် ကိုးဆယ့်ခုနစ်သိန်းကိုး သောင်းရှစ်ထောင် ရရှိခဲ့ကြောင်း ၎င်းကပြောသည်။
‘‘ဒဏ်ငွေ ရချင်လို့မဟုတ် ဘူး။ Mask စနစ်တကျတပ်ဆင် ခြင်းအားဖြင့် COVID ကာကွယ်နိုင်အောင်လို့။ ဒဏ်ငွေဆောင်ပြီး ရင်အဝတ်နဲ့ပြုလုပ်ထားတဲ့ Mask နှစ်ခုပြန်ပေးတယ်’’ဟု ဦးမြင့် သန်းဝင်းကပြောသည်။
မြို့နယ်အသီးသီးမှရရှိသော ဒဏ်ကြေးငွေများကို ပြည်နယ်အစိုးရ အဖွဲ့၏ဒဏ်ကြေးခေါင်းစဉ်အောက်တွင် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေအဖြစ် ထည့်သွင်းကာ COVID-19 ကာကွယ်၊ ထိန်းချုပ် ရေးနှင့်ကုသရေးလုပ်ငန်းများတွင် ပြန်လည်သုံးစွဲမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
မော်လမြိုင် သီရိမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ‘‘ကျွန်တော်တို့ကတော့ ရပ်ကွက်ထဲမှာ ပညာပေးဆောင်ရွက်တယ်။ Mask စစ်ဆေးရေးလုပ်ရင် ပူးပေါင်းအဖွဲ့တွေနဲ့အတူ ကူညီဆောင်ရွက်ပေးတယ်။ အခု နောက်ပိုင်းတော့ တပ်လာကြတယ်။ လူအသွားများတဲ့နေရာတွေမှာ စစ်နေတာလည်းပါမှာပေါ့’’ဟု ပြောသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ သည် Mask မဖြစ်မနေတပ်ရန် ဇွန်လ ၁ရက်မှ ၇ရက်ထိပညာပေး ကာလ သတ်မှတ်ကာ ဇွန်လ ၈ ရက်ကစတင်ကာ Mask မတပ် သူများ ငွေဒဏ်ကျပ်သုံးထောင် ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
Ref ; 7Day

0 comments:

Post a Comment