
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်ရှိ Labrang ဘုန်းတော်ကြီးကျောင်း ပြုပြင်မွမ်းမံမှုလုပ်ငန်းသည် ရှစ်နှစ်နီးပါး ကြာမြင့်ပြီးနောက် ပြီးစီးလုနီးပြီဖြစ်ကြောင်း၊ ကျောင်း၏ ပင်မအဆောက်အအုံနှင့် ဗုဒ္ဓကျောင်းဆောင် ၁၄ ဆောင်၏ နံရံဆေးရေးပန်းချီများကို ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကန်းနန်ခရိုင် ရှဟဲနယ်မြေတွင် တည်ရှိသော Labrang ဘုန်းတော်ကြီးကျောင်းကို ၁၇၀၉ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး ၁၉၈၂ ခုနှစ်ကစ၍ နိုင်ငံ၏ အဓိက အမျိုးသားယဉ်ကျေးမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးနေရာတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ကြောင်း သိရသည်။




Crd : Xinhua
0 comments:
Post a Comment