Wednesday, June 24, 2020

လက်ပံတန်းမြို့ မှ သုံးပန်လှ KTVနှင့်စားသောက်ဆိုင်အမည်ခံ ပြည်တန်ဆာရုံအား တိုင်းရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းစီး

လက်ပံတန်းမြို့နယ်အပိုင် ချမ်းသာကုန်းကျေးရွာအနီးရှိ ရန်ကုန်ပြည်-ကားလမ်းဘေး သာယာဝတီမြို့နယ်နှင့် လက်ပံတန်းမြို့နယ် နယ်ခြားစည်းအနီးတွင် ဖွင့်လှစ်ထားသော သုံးပန်လှ KTV နှင့် စားသောက်ဆိုင်အ မည်ခံ ပြည်တန်ဆာရုံအား တိုင်းရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်ဆီးသည်။
ယမန်နေ့ ဇွန်လ၂၃ရက်နေ့ည ဒေသစံတော်ချိန် (၂၁နာရီ ၃၀မိနစ်အချိန်)ခန့်တွင် တိုင်းရဲတပ်ဖွဲ့မှ အဆိုပါဆိုင်၌ ပြည်တန်ဆာလုပ်ငန်းများဆောင်ရွက်နေကြောင်း သတင်းအရ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနမှ ဒုရဲအုပ်-ဇာနည်အောင်ဦးဆောင်သော အဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့၀င်များသည် မြို့ပေါ်(၂)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှုးနှစ်ဦးနှင့်အတူ ရှောင်တခင် ဝင်ရောက်ရှာ‌ေဖွရာ ဆိုင်ရှင်ဟုဆိုသူ ဒေါ်ယုမွန်ကျော် အသက် (၃၅) နှစ် (ဘ)ဦးဇော်မင်း ချမ်းသာကုန်းရွာ‌ေနသူနှင့်အတူ ပြည်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးများအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ကနဦးစုံစမ်းသိရှိရသည်။
အဆိုပါ ‌ဇွန်လ (၂၃)ရက်နေ့ညဖမ်းစီးမှုခဲ့မှုဖြစ်စဥ်နှင့်ပတ်သက်၍ လက်ပံတန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး-မျိုးညွှန့်ထံသို့ ပဲခူးသတင်းစဉ်မှ ဆက်သွယ်မေးမြန်းသည်ကို အလုပ်ရှုပ်နေသဖြင့် မဖြေကြားနိူင်သေး‌ေကြာင်း‌ေပြာဆိုပြီး ဖုန်းချသွားပါသည်။
ပြည်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး(၇)ဦးအား လက်ပံတန်းမြို့မ ရဲစခန်းမှ (ပ)၅၁၈/ ၂၀၂၀ ပြည် တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ သုံးခုဖြင့် အမှုဖြင့်စစ်‌ေဆးရန် စီစဉ်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
လက်ပံတန်းမြို့နယ်တွင် KTVအမည်ခံ လိမ်ဖျော်‌‌ေဖြသည့်နေရာများစွာရှိနေပြီး လက်ပံတန်းနယ်မြေရဲဌာနမှ ဖမ်းစီးမဖော်ထုတ်နိူင်ခဲ့မှုကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း မြို့ခံနိူင်ငံရေးတတ်ကြွလှုပ်ရှားသူများက ပြောဆိုလျှက်ရှိသည်။
ဖမ်းစီးရမိခဲ့သော သုံးပန်လှ KTVအမည်ခံ ပြည်တန်‌ဆာရုံမှာ လက်ပံတန်းစခန်းနှင့် (၃)မိုင်ခန့်အကွာအဝေးတွင်တည်ရှိပြီး လက်ပံတန်းစခန်းအပိုင် ကျွန်းကလေးတာဆုံရဲကင်းနှင့်မူ (၁)မိုင်ခန့်သာကွာဝေးသောနေရာတွင် ဖွင့်လှစ်ထားသည်မှာ နှစ်ကာလကြာမြင့်ခဲ့ပေမယ့် ပဲခူးတိုင်းရဲတပ်ဖွဲ့မှ ဦးဆောင်ဖမ်းစီး၍သာ လက်ပံတန်းမြို့တွင် ပထမဆုံးအ‌ေနဖြင့် ယင်းကဲ့သို့ ပြည်တန်ဆာရုံအား ဖမ်းစီးရမိခဲ့ခြင်းဖြစ်ကာ အဆိုပါသုံးပန်လှစားသောက်ဆိုင်မှာ ယနေ့ ဇွန်လ ၂၄ရက်‌ေန့ နံနက်ပိုင်းအထိ စားသောက်ဆိုင်အားဖွင့်လှစ်ထားကြောင်း ဒေသခံများမှပြောဆိုထားသည်။
အမှုနှင့်ပတ်သက်၍ အမျိုးသမီး(၇)ဦးကို ပြည်တန်ဆာနှိပ်ကွပ်ရေးဉပဒေဖြင့် အမှုဖွင့်ထားပြီး စားသောက် ဆိုင်အတွင်းရှိ ကျန်သူများကိုမူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကူးစက်ရောဂါကာကွယ်ရေးဥပဒေဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။
Ref ; Bago weekly journal

0 comments:

Post a Comment