Monday, June 15, 2020

ထိုင်းနိုင်ငံ Korat မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွား

ထိုင်းနိုင်ငံ၊ Muang ခရိုင်မှာ တနင်္ဂနွေနေ့( ဇွန်လ ၁၄ ရက်နေ့ ) ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ Suraburi ပြည်နယ်နဲ့ ချိတ်ဆက်ထားတဲ့ Mittraphap အဝေးပြေးလမ်းမှာ ရေလွှမ်းမိုးမှု ဖြစ်နေပြီး ယာဉ်ငယ်တွေ ပိတ်မိနေကာ ယာဉ်ကြောအသွားအလာတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ညဈေးဖြစ်တဲ့ Safe One Market ဟာလည်း ရေလွှမ်းမိုးနေတယ်လို့ သိရပါတယ်။ ညမထွက်ရအမိန့် ပြန်လည်ရုတ်သိမ်းချိန်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စိတ်ပျက်ခဲ့ရပါတယ်။
ထိုင်းမိုးလေဝသဌာနရဲ့ မနက် ၅ နာရီ ရာသီဥတု ခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင် တစ်လျှောက်မှာ အားကြီးတဲ့ အနောက်တောင်မုတ်သုန်မုန်တိုင်းဟာ ထိုင်းနိုင်ငံတစ်ဝှမ်းလုံးကို လွှမ်းမိုးလျက်ရှိနေပြီ တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာထိုင်းနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးဆက်လက်သည်းထန်စွာ ရွာသွန်းနိုင်မယ်လို့ သိရပါတယ်။
Ref ; Akon Thi

0 comments:

Post a Comment