Sunday, June 21, 2020

မြန်မာတင်သွင်းသော ICJ အစီရင်ခံစာ လျှို့ဝှက်အဆင့်ဖြစ်၍ အများပြည်သူသိရှိရန် မထုတ်ပြန်ခြင်းဖြစ်ဟု သမ္မတရုံးပြော

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)သို့ မြန်မာတင်သွင်းသော ပထမဆုံးအစီရင်ခံစာသည် လျှို့ဝှက်အဆင့်ဖြစ် ၍ အများပြည်သူသိရှိရန် မထုတ်ပြန်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြော သည်။
ICJ ၏ ကြားဖြတ်အမိန့်အရ မေလ ၂၂ ရက်တွင် မြန်မာက ပထမဆုံးအစီရင်ခံစာ တင်သွင်းခဲ့ ခြင်းဖြစ်ပြီး အစီရင်ခံစာတွင် ဖော် ပြချက်များက မြေပြင်အခြေအ နေနှင့် ကွဲလွဲမှုရှိ၍ မထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဝေဖန်မှုများအပေါ် သမ္မတရုံးက ယင်းသို့ တုံ့ပြန်ပြော ကြားခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့နိုင်ငံက လုပ် မယ်ဆိုတဲ့အချက်တွေကို လုပ်ခိုင်းတာပဲဖြစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လုပ်မယ်။ ဥပမာ ဒီမှာ မတ်တတ်ရပ်ပါပြောတယ်။ ခု လည်း မတ်တတ်ရပ်နေတယ်။ အဲဒီလိုသဘောမျိုးပဲ။ ကျွန်တော် တို့က မူလကတည်းက မတ်တတ် ရပ်နေတဲ့အတွက် ထူးထွေပြီး တော့ အငြင်းပွားစရာမရှိဘူး’’ ဟု ဦးဇော်ဌေးက ပြောသည်။
မြန်မာနိုင်ငံသည် ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားပြီး ယင်းသဘောတူညီချက်စာချုပ်ကို ချိုးဖောက်ခြင်းမရှိဘဲ အစီရင်ခံစာတွင် ချိုးဖောက်ခြင်းမရှိသည့် အချက်အလက်များကို ထည့်သွင်း ဖော်ပြထား သည်ဟု ၎င်းက ရှင်းလင်းသည်။
သို့သော် အစီရင်ခံစာတွင် ပါဝင်သည့် အချက်အလက်အ သေးစိတ် ထုတ်ဖော်ပြောကြားရန်မရှိကြောင်း ဦးဇော်ဌေးက ဆို သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် ကလည်း အစီရင်ခံစာ ထုတ်ပြန် ခြင်း၊ မထုတ်ပြန်ခြင်းမှာ တရားရုံး (ICJ)၏ လုပ်ထုံးလုပ်နည်းသာ ဖြစ်ပြီး မြေပြင်အခြေအနေနှင့်ကွဲ လွဲ၍ မထုတ်ပြန်ဟု ဆိုခြင်းမှာ နိုင်ငံရေးအရ စွပ်စွဲချက်များသာ ဖြစ်သည်ဟု ယူဆကြောင်း ရှင်း လင်းသည်။
‘‘နောက် အရေးကြီးတဲ့အ ချက်က ဂျီနိုဆိုက်ကွန်ဗင်းရှင်းမှာပါတဲ့ ပြဋ္ဌာန်းချက်တွေအရဆိုရင် အမှုတစ်ခုကိုစွဲရင် ဒီတရားစွဲခံရ တဲ့လူဟာ ဒီတရားရုံးမှာသွားပြီးမဖြေရှင်းဘူးဆိုရင် တရားစွဲတဲ့ နိုင်ငံက ဒီအမှု သူ့ကိုအနိုင် ပေးပါ လို့ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဆိုတော့ ကျွန်တော်တို့မသွားရင် ဒီအမှုဟာ ကျွန်တော်တို့ ရှုံးမယ်။ အဲဒီတော့ ကျွန်တော်တို့ သွားကို သွားမယ်။ ဒါဟာ ဘာလဲဆိုရင် ဒါနိုင်ငံရဲ့ပုံရိပ်၊ ပြည်သူပြည်သား တွေရဲ့ပုံရိပ်၊ နောက် နိုင်ငံရဲ့ အ ကျိုးစီးပွား။ ဒါတွေနဲ့ သက်ဆိုင် နေပါတယ်’’ ဟု အမြဲတမ်းအတွင်း ဝန် ဦးစိုးဟန်က ပြောသည်။
ICJ က မြန်မာအပေါ် ချ မှတ်သော ကြားဖြတ်အမိန့် လေး ချက်မှာ နိုင်ငံ၏အချုပ်အခြာအာ ဏာကို ထိခိုက်နိုင်သည့် ကိစ္စရပ် များမပါဝင်ကြောင်းနှင့် လုပ်ငန်း စဉ်အတိုင်း အပြီးသတ်အမိန့်မချမီ ခြောက်လတစ်ကြိမ် အစီရင်ခံစာများကို တင်သွင်းသွားမည်ဟု ဦးစိုးဟန်ကဆိုသည်။
‘‘ဒါဟာ နိုင်ငံရဲ့ အကျိုးစီး ပွား၊ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို လုပ်နေတာဖြစ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဒီလုပ်ငန်းစဉ်ကို ဆက်လုပ်နေရမှာ ဖြစ်ပါတယ်’’ဟု ၎င်းက ဆက်ပြောသည်။
ICJ ၏ ကြားဖြတ်အမိန့် လေးချက်မှာ (၁) မြန်မာပိုင်နက် အတွင်း ဘင်္ဂါလီ (မူရင်းတွင် ရို ဟင်ဂျာ) များကို ဂျီနိုဆိုက်ကွန် ဗင်းရှင်းနှင့်အညီ အစွမ်းရှိသမျှ ကာကွယ်ပေးရန်၊ (၂) တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများက ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ)အပေါ် ဂျီနိုဆိုက်ကျူးလွန်ခြင်း (သို့မဟုတ်) ကျူးလွန်ရန်ကြိုး ပမ်းခြင်းများ မရှိစေရန် အစိုးရက လုပ်ဆောင်ရန်၊ (၃) မြန်မာအစိုးရသည် ဂျီနိုဆိုက်ကျူးလွန်သည်ဟု စွပ်စွဲ ချက်များနှင့် သက်ဆိုင်သည့် သက်သေအချက်အလက်များကို ဖျက်ဆီးခြင်းမပြုရန်နှင့် (၄) တရားရုံးက ချ မှတ်လိုက်သည့်အပေါ် ဆောင်ရွက်ချက်များကို လေးလအတွင်း အစီရင်ခံရန်၊ အပြီးသတ် အမိန့်မချမီအထိ ခြောက်လတစ်ကြိမ် အစီရင်ခံရန်တို့ဖြစ်သည်။
Ref ; 7Day

0 comments:

Post a Comment