Sunday, June 21, 2020

မြန်မာအစိုးရတင်ပြလာသော အစီရင်ခံစာကို လျှို့ဝှက်မထားဖို့ ICJ ကို ရိုဟင်ဂျာအရေးလှုပ်ရှားနေသော အဖွဲ့ ၃၀ တိုက်တွန်းပြောကြား

မြန်မာအစိုးရက ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးကို တင်ပြထားတဲ့ အစီရင်ခံစာကို လျှို့ဝှက်မထားဘဲ အများသိအောင် ထုတ်ပြန်ပေးဖို့ နိုင်ငံတကာမှာ ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း (၃၀) က ICJ ကို ဇွန်လ ၁၇ ရက်နေ့စွဲနဲ့ တိုက်တွန်းလိုက်ကြောင်း သိရပါတယ်။။
အစီရင်ခံစာကို လျှို့ဝှက်ထားမယ်ဆိုရင် သတင်းအချက်အလက် အမှားတွေပါနေမှာကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မေလ ၂၃ ရက်နေ့မှာ မြန်မာအစိုးရကတင်ပြတဲ့ အစီရင်ခံစာနဲ့ ဂမ္ဘီယာနိုင်ငံက တုံ့ပြန်ချက်ကိုပါ အများပြည်သူဖတ်နိုင်အောင် ICJ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြပေးဖို့ တိုက်တွန်းတာလို့ စာထဲမှာ ဖော်ပြထားပါတယ်။ ဒါမှသာ မြန်မာအစိုးရရဲ့ အစီရင်ခံစာဟာ လက်တွေ့နဲ့ ကိုက်ညီမညီကို ကျွမ်းကျင်သူတွေက သုံးသပ်နိုင်မှာဖြစ်သလို၊ ရိုဟင်ဂျာတွေကိုလည်း ကာကွယ်ပေးနိုင်မယ်လို့ အဖွဲ့ သုံးဆယ်ရဲ့ စာထဲမှာဖော်ပြထားပါတယ်။
အစီရင်ခံစာကို အများသိအောင် မထုတ်ဘဲထားမယ်ဆိုရင်လည်း ရိုဟင်ဂျာအသိုင်းအဝိုင်းကြားမှာ အထင်အမြင်တွေ နားလည်မှုတွေ လွဲသွားနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒီပေးစာကို အမေရိကနဲ့ ဥရောပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့အဖွဲ့ပေါင်း ၃၀ က ပူးပေါင်းပေးပို့တာဖြစ်ပါတယ်။
Crd : RFA

0 comments:

Post a Comment