Monday, June 15, 2020

ရုရှားနိုင်ငံအနေဖြင့် hypersonic လက်နက်များကို တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်ပြောကြား

ရုရှားနိုင်ငံသည် အခြားသောနိုင်ငံများမှ တပ်ဖြန့်ထားသည့် hypersonic လက်နက်များကို မကြာမီတွင် တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်မှ ဇွန်လ ၁၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ ထို့ပြင် ရုရှားနိုင်ငံသည် လက်နက်အမျိုးအစားသစ်များ ထုတ်လုပ်မှုတွင် အမေရိကန်နိုင်ငံထက် သာလွန်နေကြောင်း ထပ်မံပြောကြားခဲ့ပါသည်။
Hypersonic glide vehicle များသည် ပစ်မှတ်တစ်ခုအား ချဉ်းကပ်ရာတွင် စနစ်တကျ လျှင်မြန်စွာမောင်းနှင်နိုင်ပြီး ခန့်မှန်းရခက်ခဲသည့် လမ်းကြောင်းများတွင် လည်း မောင်းနှင်နိုင်ပါသည်။ ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးပိုမိုဆိုးရွားလာချိန်တွင် စစ်အေးခေတ်လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များ ပျက်စီးခဲ့သည့်အတွက် အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံသည် ၎င်းတို့၏ ကာကွယ်ရေးစွမ်းရည်များကို တိုးချဲ့ လျက်ရှိပါသည်။
ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလအတွင်း hypersonic စွမ်းရည်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရန် ရည်မှန်းထားသော် လည်း လွန်ခဲ့သောနှစ်တွင် ရုရှားနိုင်ငံသည် ၎င်း၏ ပထမဆုံး hypersonic နျူကလီးယား စွမ်းရည်သုံး ဒုံးကျည်များကို တပ်ဖြန့်ထားခဲ့ပါသည်။ ကမ္ဘာပေါ်တွင် ဦးဆောင်နေသည့် နိုင်ငံများ၌ ထိုကဲ့သို့သော လက်နက်များရှိနေ ချိန်တွင် မိမိတို့အနေဖြင့် hypersonic လက်နက်များကို တိုက်ခိုက်ရန် နည်းလမ်း များစွာရှိမည်ဟု သမ္မတ ဗလာဒီမာပူတင်မှ ပြောကြားခဲ့ကြောင်း RIA သတင်း အေဂျင်စီမှ ဖော်ပြထားပါသည်။
Hypersonic ၏ အမြန်နှုန်းသည် အသံထက် ၅ ဆ ပိုမြန်ပါသည်။ ရုရှားနှင့် အမေရိကန်နိုင်ငံတွင် အရေအတွက်တူညီသည့် နျူကလီးယားလက်နက် များရှိသော်လည်း ရုရှားနိုင်ငံသည် အဆင့်မြင့်လက်နက် ထုတ်လုပ်မှုတွင် အမေရိကန် နိုင်ငံထက် သာလွန်နေကြောင်း သမ္မတ ဗလာဒီမာပူတင်မှ ပြောကြားခဲ့ပါသည်။
Source - CNA #Myanmar_Online_News

0 comments:

Post a Comment