Tuesday, June 16, 2020

Hlaing Quarantine Center ရှိ အီတလီ ပြည်တော်ပြန် ၉ ဦး စောင့်ကြည့်ခံယူပြီး နေရပ်သို့ ပြန်လည်ထွက်ခွာ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ Hlaing Quarantine Center ရှိ Center -2 (ကေတုမတီဆောင်) တွင် အီတလီမှ ပြန်လည်ဝင်ရောက်လာသူ ကိုးဦးသည် ၂၁ ရက်တာ စောင့်ကြည့်ခံယူပြီး၍ ကျန်းမာရေးကောင်းမွန်စွာဖြင့် နေရပ် အသီးသီးသို့ ယနေ့ နံနက်ပိုင်းက ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
"ဒီကနေ့ ပြန်တဲ့လူ ၉ ဦး ရှိပါတယ်။ အဲဒါကြောင့် ကေတုမတီဆောင်မှာ စောင့်ကြည့်မှုခံယူနေခဲ့ရသူ အားလုံး ပြန်သွားကြပါပြီ။ အားလုံးလည်း နေကောင်းကျန်းမာကြပါတယ်။ လိုအပ်တဲ့ ဆေးစစ်မှုတွေ အကုန်လုပ်ခဲ့ကြပြီး သူတို့ နေရပ်အသီးသီးကို ပြန်သွားကြပါပြီ" ဟု ယင်းစင်တာကို ထောက်ပံ့လှူဒါန်းထားသည့် စေပိုင်ဖွံ့ဖြိုးမှု လီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နိုင်ငံရပ်ခြားမှ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် မြန်မာနိုင်ငံသားများအတွက် အသင့်စောင့်ကြည့်မှုခံယူနိုင်ရန် စေပိုင်ဖွံဖြိူးမှုလီမိတက်က အဆောက်အဦအချို့ကို နိုင်ငံတော်အစိုးရထံသို့ လှူဒါန်းထားပြီး ယင်းတို့ထဲမှ Hlaing Quarantine Center (1)(2)(3) တို့ကို ဖွင့်လှစ်ကာ လိုအပ်သည့် ကိစ္စအဝဝကို တာဝန်ယူထားကြောင်း သိရသည်။
crd-Isee Media #Myanmar_Online_News
>>zawgyi<<
Hlaing Quarantine Center ရှိ အီတလီ ပြည်တော်ပြန် ကိုးဦး စောင့်ကြည့်ခံယူပြီး နေရပ်သို့ ပြန်လည်ထွက်ခွာ
Tuesday, June 16, 2020
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ Hlaing Quarantine Center ရှိ Center -2 (ကေတုမတီဆောင်) တွင် အီတလီမှ ပြန်လည်ဝင်ရောက်လာသူ ကိုးဦးသည် ၂၁ ရက်တာ စောင့်ကြည့်ခံယူပြီး၍ ကျန်းမာရေးကောင်းမွန်စွာဖြင့် နေရပ် အသီးသီးသို့ ယနေ့ နံနက်ပိုင်းက ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
"ဒီကနေ့ ပြန်တဲ့လူ ၉ ဦး ရှိပါတယ်။ အဲဒါကြောင့် ကေတုမတီဆောင်မှာ စောင့်ကြည့်မှုခံယူနေခဲ့ရသူ အားလုံး ပြန်သွားကြပါပြီ။ အားလုံးလည်း နေကောင်းကျန်းမာကြပါတယ်။ လိုအပ်တဲ့ ဆေးစစ်မှုတွေ အကုန်လုပ်ခဲ့ကြပြီး သူတို့ နေရပ်အသီးသီးကို ပြန်သွားကြပါပြီ" ဟု ယင်းစင်တာကို ထောက်ပံ့လှူဒါန်းထားသည့် စေပိုင်ဖွံ့ဖြိုးမှု လီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
နိုင်ငံရပ်ခြားမှ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် မြန်မာနိုင်ငံသားများအတွက် အသင့်စောင့်ကြည့်မှုခံယူနိုင်ရန် စေပိုင်ဖွံဖြိူးမှုလီမိတက်က အဆောက်အဦအချို့ကို နိုင်ငံတော်အစိုးရထံသို့ လှူဒါန်းထားပြီး ယင်းတို့ထဲမှ Hlaing Quarantine Center (1)(2)(3) တို့ကို ဖွင့်လှစ်ကာ လိုအပ်သည့် ကိစ္စအဝဝကို တာဝန်ယူထားကြောင်း သိရသည်။
crd-Isee Media #Myanmar_Online_News

0 comments:

Post a Comment