
သင်ရိုးသစ်အတွက် Face To Face သင်တန်းတက်နေတဲ့ ဆရာ ဆရာမတွေအနေနဲ့ သတ်မှတ်ထားတဲ့ ထောက်ပံမှုတွေမရရင် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဆီကို တိုင်ကြားကြဖို့ ဒီနေ့ ဇွန်လ(၂၅)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် Grade-4 ၊7 ၊ 10 သင်ရိုးသစ်အတွက် ဆရာဆရာမတွေကို သင်တန်းပေးနေတာဖြစ်ပြီးတော့ တစ်ယောက်ကို စားသောက်စရိတ်အဖြစ် တစ်ရက်ကိုကျပ် (၃၀၀၀)ထောက်ပံ့မှုရမှာဖြစ်ပါတယ်။
ဒါ့အပြင် Mask အသုံးပြုနိုင်ဖို့ တစ်ယောက်ကို ငွေကျပ်(၅၀၀)နှုန်း ဒါမှမဟုတ် အနည်းဆုံး Mask နှစ်ခုနှုန်း ထောက်ပံပေးထားတယ်လို့လည်း သိရပါတယ်။
အခြေခံပညာ အထက်တန်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို ဇူလိုင်လ(၂၁)ရက်ကစပြီး ပြန်ဖွင့် တော့မှာဖြစ်သလို နောက်တစ်ပတ်အကြာမှာတော့ အလယ်တန်းတွေဖွင်သွားမှာဖြစ်ပြီး မူလတန်းတွေကို အဲဒီနောက်ပိုင်းမှာ ဆက်ဖွင့်သွားမှာ ဖြစ်ပါတယ်။


Crd : Ministry of Education, Myanmar #Myanmar_Online_News
0 comments:
Post a Comment