Wednesday, June 10, 2020

လူမည်းအမျိုးသား George Floyd နှင့်စပ်လျဉ်းသော ဆန္ဒပြမှုများတွင် တပ်ဖြန့်ခဲ့သော ဝါရှင်တန်ရှိ အစောင့်တပ်ဖွဲ့ဝင်များ၌ COVID-19 ဖြစ်ပွား

လူမည်းအမျိုးသား George Floyd နှင့် စပ်လျဉ်းသော ဆန္ဒပြမှုများသည် မြို့တော်ဝါရှင်တန်ဒီစီ၌ဖြစ်ပွားခဲ့ပြီး ထိုဆန္ဒပြမှုများတွင်တပ်ဖြန့်ခဲ့သောအမျိုးသာ အစောင့်တပ်ဖွဲ့ဝင်များတွင်COVID-19 ဖြစ်ပွားနေသည်ဟု စစ်ဆေးတွေ့ရှိရကြောင်း တပ်ဖွဲ့ဝင်တစ်ဦးမှ ဇွန်လ ၉ ရက်နေ့တွင်ပြောကြားခဲ့သည်။
တပ်ဖွဲ့ဝင်များသည် လုံခြုံရေးတာဝန်ထမ်းဆောင်ဆဲဖြစ်သောကြောင့် COVID-19 အတည်ပြု အရေအတွက်အား မဖော်ထုတ်နိုင်သေးကြောင်း အစောင့်တပ်ဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Brooke Davis မှ ပြောကြားခဲ့သည်။
Manneapolis မြို့တွင် ရဲအရာရှိတစ်ဦးမှ အာဖရိကန် အမေရိကန် George Floyd အား ချုပ်နှောင်ရာတွင် သေဆုံးခဲ့မှုအပေါ် အိမ်ဖြူတော်ရှေ့နှင့်အခြားနေရာများ၌ ဆန္ဒပြနေစဉ်အတွင်း တပ်ဖွဲ့ဝင် ၁၇၀၀ ဦးအား မြို့တော်ဝန်မှ ရုပ်သိမ်းခဲ့သည်။
ထို့နောက် ဇွန်လ ၁ ရက်နေ့တွင် ဆန္ဒပြသူများမှ ဆူပူအုံကြွမှုနှင့် အကြမ်းဖက်မှုများ ပြုလုပ်လာသဖြင့် ၎င်းအား ထိန်းသိမ်းပေးရန် ဖက်ဒရယ်အစိုးရမှ တောင်ဆိုခဲ့သောကြောင့် တပ်ဖွဲ့ဝင်အများအပြားရောက်ရှိလာခဲ့သည်။
အစောင့်တပ်ဖွဲ့ဝင်များအားဆန္ဒပြမှုတွင် တပ်မဖြန့်မီနှင့် တပ်ဖြန့်မှုအပြီး၌ COVID-19 စစ်ဆေးခဲ့သည်ဟု Davis မှ ဆက်လက်ပြောကြားခဲ့သည်။
ဆူပူအုံကြွမှုအတွင်းတွင် ဆန္ဒပြသူအများအပြား နှာခေါင်းစည်း တပ်ဆင်ထားသော်လည်း ဥပဒေစိုးမိုးရေးနှင့် အစောင့်ဝန်ထမ်းများမှ တပ်ဆင်ထားခြင်းမရှိခဲ့ပေ။
အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များအား တပ်ဖြန့်ထားစဉ်တွင်လူမှုကန့်သတ်ချက်များပြုလုပ်ထားပြီး ရောဂါကာကွယ်ရေး PPE ဝတ်စုံများဝတ်ဆင်ထားစေသည်ဟု Davis မှ ဆက်လက်ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်သည် ယခုနှစ်အစောပိုင်းက တရုတ်နိုင်ငံနှင့် ဥရောပတို့တွင် ပျံ့နှံ့ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုတွင် COVID-19 ဖြင့် သေဆုံးသူ ၁၁၂,၀၀၀ ခန့် ရှိလာသည်။ ကမ္ဘာတစ်ဝှမ်း COVID-19 ဖြစ်ပွားသူစုစုပေါင်း ၇.၂ သန်းရှိနေပြီး အမေရိကန်နိုင်ငံတွင် ဖြစ်ပွားသူ ၂ သန်းခန့်ရှိနေပါသည်။
source-Channel NewsAsia #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment