Tuesday, June 9, 2020

GBS စက်ရုံမှ အလုပ်သမား ၂၆ ဦး စက်ရုံအဆောင်မှ နှင်ချခံရ

အငြင်းပွားမှု ဖြစ်နေတဲ့ GBS(Good Brothers)စက်ရုံမှ အလုပ်သမား ၂၆ ယောက်ကို စက်ရုံအဆောင်မှ နှင်ချလိုက်တာကြောင့် မနေ့ညနေပိုင်းက ပြည်ကြီးတံခွန်မြို့နယ် တရားရုံးသို့ အလုပ်သမားတွေက သွားရောက်တိုင်ကြားတောင်းဆိုခဲ့ကြပါတယ်။
အဆိုပါ GBS စက်ရုံမှာ ကိုဗစ်-၁၉ ကပ်ဘေး ကာလမှာ ကုန်ကြမ်းပြတ်တောက်တယ်ဆိုပြီး ပြီးခဲ့တဲ့ မေလမှ စတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခဲ့တာပါ။
စက်ရုံပိတ်သိမ်းလို့ ကျန်ရှိအလုပ်သမားတွေကို အလုပ်ထုတ် နစ်နာကြေး၊ notice ကြေး၊ လုပ်ခကျန်ငွေနဲ့ လုပ်သက်ခွင့်တို့ကို ထုတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ စက်ရုံမှ အလုပ်ထုတ်ခံရသူ ၁၄၁ ဦးအနက် ၂၆ ဦးကတော့ နစ်နာကြေးလက်မခံဘဲ အငြင်းပွားမှုနဲ့ အလုပ်သမား ဆက်ဆံရေး ဦးစီးဌာနသို့ တိုင်ကြားခဲ့တဲ့အတွက် စက်ရုံအ‌ဆောင်မှ နှင်ချခံရတာဖြစ်ပါတယ်။

Ref ; DVB

0 comments:

Post a Comment