Wednesday, June 17, 2020

FaceBookမှ ရဲတပ်ဖွဲ့ဝင်များနှင့်ဆက်စပ်သည့် Account, Page နှင့် Group များကို ဖေ့စ်ဘွတ်ခ်ကွန်ရက်ပေါ်မှဖယ်ရှား

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်မှုရှိသည့် ဖေ့စ်ဘွတ်ခ်အကောင့်၊ ပေ့ချ်နှင့် ဂရု(ပ်)များကို ကွန်ရက်ပေါ်မှ ဖယ်ရှားခဲ့သည်ဟု ဖေ့စ်ဘွတ်ခ် ကုမ္ပဏီတာဝန်ရှိသူက ဇွန်လ ၁၆ ရက်တွင် ပြောသည်။
ဖေ့စ်ဘွတ်ခ်သည် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်မှုရှိသည့် အကောင့် ၁၈ ခု ၊ ပေ့ချ် သုံးခုနှင့် ဂရု(ပ်)တစ်ခုကို ဧပြီလ အတွင်း ကွန်ရက်ပေါ်မှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
ဖယ်ရှားခံရသည့်အကောင့်၊ ပေ့ချ်နှင့် ဂရု(ပ်)များသည် ကြားဝင်နှောင့်ယှက်မှုများကို ပြုလုပ် ကြောင်း၊ ဖေ့စ်ဘွတ်ခ်အနေဖြင့် လုပ်ဆောင်ချက်များ၏ နောက် ကွယ်၌ရှိသူများကို ဖော်ထုတ်ဖယ် ရှားနေကြောင်း ကြေညာထား သည်။ ဧပြီလအတွင်း ဖယ်ရှားခံရ သည့် အကောင့်၊ ပေ့ချ်နှင့် ဂရု(ပ်) များသည် မြန်မာနိုင်ငံအတွင်း၌ အခြေတည်ပြီး ပြည်တွင်းရှိ အသုံးပြုသူများကိုသာ ပစ်မှတ်ထားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပုံမှန်မဟုတ်သော ပူးပေါင်းအစီအစဉ်ချဆောင်ရွက်မှုအပြုအမူများနှင့် ဆက်စပ်သည့် ကွန်ရက်ခြောက်ခု၏ နောက်ကွယ်မှလူများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်သည်။
၂၀၂၀ ခုနှစ် ပထမသုံးလအတွင်း မြန်မာနိုင်ငံတွင် အမုန်းစကားနှင့်ပတ်သက်သည့် လူမှုစံနှုန်းကို ဖောက်ဖျက်သည့် အ ကြောင်းအရာပေါင်း ငါးသောင်းကျော်ကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှား ခဲ့သည်။
အဆိုပါ အရေအတွက်အ နက် ၈၀ ရာခိုင်နှုန်းကျော်သည် တိုင်ကြားမှုမခံရခင် ရှာဖွေဖော် ထုတ်နိုင်ခြင်းဖြစ်သည်ဟု ဖေ့စ် ဘွတ်ခ်က ထုတ်ပြန်သည်။
ဖေ့စ်ဘွတ်ခ်သည် တပ်မ တော်နှင့် ဆက်နွှယ်နေသည့် အကောင့်၊ ပေ့ချ်များနှင့် လူမှုစံ နှုန်းနှင့် ကိုက်ညီမှုမရှိသည့် အ ကောင့်၊ ပေ့ချ် ၊ ဂရု(ပ်) တို့ကို လည်း ယခင်က ပိတ်သိမ်းခဲ့သည်။
Crd : 7 Day

0 comments:

Post a Comment