Monday, June 15, 2020

အမေရိကန် လေတပ်မှ F-15 တိုက်လေယာဉ်တစ်စီး ပင်လယ်တွင်းပျက်ကျ


အမေရိကန် လေတပ်မှ F-15 C အမျိုးအစား တိုက်လေယာဉ်တစ်စီးသည် ဗြိတိန်နိုင်ငံ မစ်ဒယ်လ်စ်ဘရပ် (Middlesbrough) ကမ်းလွန် နော့သ်ဆီး(North Sea)ပင်လယ်ပြင်အထက် ကောင်းကင်တွင် လေ့ကျင့်ရေးပြုလုပ်နေစဉ် ပျက်ကျခဲ့ကြောင်း ကနဦးသတင်းသိရသည်။
”လေယာဉ်သည့် လေ့ကျင့်ရေးပြုလုုပ်နေစဉ် ပျက်ကျခြင်းဖြစ်ပြီး၊ လေယာဉ်ပေါ်တွင် လေယာဉ်မှူးတစ်ဦးပါရှိသည်။ လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းနှင့် လေယာဉ်ပေါ်တွင်ပါရှိသော လေယာဉ်မှူး၏ အခြေအနေတို့ကို ယခုအချိန်အထိမသိရသေးချေ။ ဗြိတိန်နိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့အစည်းများက ရှာဖွေကယ်ဆယ်ရေးများပြုလုုပ်နေလျှက်ရှိသည်”ဟု အမေရိကန် လေတပ်စခန်းမှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref ; Popular 

0 comments:

Post a Comment