Tuesday, June 23, 2020

ဥရောပသမဂ္ဂ(EU)မှ တရုတ်နိုင်ငံအား ဟောင်ကောင်လုံခြုံရေးဥပဒေနှင့်ပတ်သက်၍ သတိပေး

ဟောင်ကောင်အတွက် ချမှတ်ထားသောလုံခြုံရေးဥပဒေသစ်ကို ရှေ့ဆက်သွားမည်ဆိုပါက အဆိုပါအငြင်းပွားဖွယ်ရာဉပဒေနှင့်ပတ်သက်၍ ဖိအားများမြှင့်တက်လာနိုင်ပြီး တရုတ်နိုင်ငံအတွက် နောက်ဆက်တွဲဆိုးရွားသောအကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်ဟု ဥရောပသမဂ္ဂမှ သတိပေးခဲ့ပါသည်။
ဥရောပကော်မရှင်ဉက္ကဌ Ursula von der Leyen နှင့် ဥရောပကောင်စီဉက္ကဌ Charles Michel မှ ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်နှင့် လွတ်လပ်မှုများကို အဟန့်အတား ဖြစ်စေမည့်ဉပဒေအသစ်အပေါ်စိုးရိမ်မှုများရှိနေကြောင်း တရုတ်နိုင်ငံထိပ်တန်း ခေါင်းဆောင်များအား ပြောကြားခဲ့ပါသည်။
ဇွန်လ ၂၂ ရက်နေ့တွင် ပြုလုပ်သော ရုပ်သံထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ Xi နှင့် ဝန်ကြီးချုပ် Li Keqiang တို့မှ ဟောင်ကောင်အပေါ် နိုင်ငံတကာမှ စိုးရိမ်နေမှုများနှင့်ပတ်သက်၍ ဖြည့်စွက်ပြောကြားခဲ့ပြီး ဥပဒေကိုနောက်ပြန်ဆွဲရန် အစီအစဉ်မရှိကြောင်းနှင့် ဆက်လက်ထိန်းသိမ်းသွားရန် လိုအပ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။
မိမိတို့အနေဖြင့် ဟောင်ကောင်အတွက် ချမှတ်ထားသော လုံခြုံရေးဥပဒေနှင့်ပတ်သက်၍စိုးရိမ်မှုများကိုဖော်ပြခဲ့ကြောင်း Michel မှ ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များအားပြောကြားခဲ့ပြီး မိမိအနေဖြင့် တရုတ်နိုင်ငံအား ဟောင်ကောင်၏မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အာမခံချက်ရှိသောလွတ်လပ်ခွင့်များနှင့်ပတ်သက်၍ နိုင်ငံတကာ အသိုက်အဝန်းနှင့် ဟောင်ကောင်ပြည်သူများအပေါ် ကတိများအတိုင်းလိုက်နာရန်အတွက် တောင်းဆိုခဲ့ပါသည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မှ ဇွန်လ ၂၃ ရက်နေ့တွင် ဟောင်ကောင်နှင့် ဆက်နွှယ်နေသည့်ကိစ္စရပ်များသည် ပြည်တွင်းရေးရာကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု EU ၏မှတ်ချက်တွင် ဖော်ပြထားပါသည်။
ရုပ်သံထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံမှခေါင်းဆောင်များမှ မိမိတို့၏ ရပ်တည်ချက်များနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့ကြောင်း ပြောခွင့်ရတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ထိပ်သီးအစည်းအဝေး၏ အစီရင်ခံစာတွင် ဟောင်ကောင်နှင့်ပတ်သက်၍ ဖော်ပြထားခြင်းမရှိသော်လည်း သမ္မတရှီသည် နိုင်ငံ၏ငြိမ်းချမ်းရေးကိုလိုလားကြောင်း အလေးအနက်ထားဖော်ပြခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းအေဂျင်စီဖြစ်သော Xinhua သတင်းဌာနတွင် ဖော်ပြထားပါသည်။
Source : CNA
EU warns China over Hong Kong security law

0 comments:

Post a Comment