Monday, June 22, 2020

EU တင်သွင်းထားတဲ့ အဆိုက မြန်မာ ပယ်ချ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇွန်လ ၂၂ ရက် မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၃ ကြိမ်မြောက်အစည်းအဝေးမှာ EU ဥရောပသမဂ္ဂက တင်သွင်းထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အဆိုက မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေးကြိုးပမ်းချက်တွေကို အထောက်အကူမဖြစ်ဘဲ ပိုဆိုးရွားစေလို့ ကို မြန်မာအစိုးရက ပယ်ချလိုက််ကြောင်း သိရပါတယ်။
EU က တင်သွင်းထားတဲ့ဆုံးဖြတ်ချက်အဆိုကို မဲခွဲတဲ့အခါမှာ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေ ၈ မဲတို့ရခဲ့ပါတယ်။ ကြားနေမဲထဲမှာ ဂျပန်နဲ့ အိန္ဒိယတို့ပါဝင်ပါတယ်။ အဲဒီနောက် လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံအတွက် နှစ်စဉ်ဆုံးဖြတ်နေတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် စေလွှတ်မယ့် လုပ်ပိုင်ခွင့်ကို တစ်နှစ် ထပ်တိုးလိုက်ပါတယ်။
ဒီလိုမျိုး လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ခန့်ပြီး စေလွှတ်နေတဲ့နိုင်ငံပေါင်း ၁၂ နိုင်ငံရှိနေပြီး၊ အခုတော့ မြန်မာနိုင်ငံအတွက် မစ္စယန်ဟီးလီကို ခန့်အပ်တဲ့ကာလ ပြီးဆုံးသွားတဲ့နောက်၊ အမေရိကန်လွှတ်တော်အမတ်ဟောင်းဖြစ်တဲ့ Tom Andrews ကို လူ့အခွင့်အရေးအထူးကိုယ်စားလှယ်သစ်အနေနဲ့ ခန့်ထားပါတယ်။
crd-RFA Burmese #Myanmar_Online_News
>>zawgyi<<
EU တင်သွင်းထားတဲ့ အဆိုက မြန်မာ ပယ်ချ
Tuesday, June 23, 2020
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇွန်လ ၂၂ ရက် မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၃ ကြိမ်မြောက်အစည်းအဝေးမှာ EU ဥရောပသမဂ္ဂက တင်သွင်းထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အဆိုက မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေးကြိုးပမ်းချက်တွေကို အထောက်အကူမဖြစ်ဘဲ ပိုဆိုးရွားစေလို့ ကို မြန်မာအစိုးရက ပယ်ချလိုက်ကြောင်း သိရပါတယ်။
EU က တင်သွင်းထားတဲ့ဆုံးဖြတ်ချက်အဆိုကို မဲခွဲတဲ့အခါမှာ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေ ၈ မဲတို့ရခဲ့ပါတယ်။ ကြားနေမဲထဲမှာ ဂျပန်နဲ့ အိန္ဒိယတို့ပါဝင်ပါတယ်။ အဲဒီနောက် လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံအတွက် နှစ်စဉ်ဆုံးဖြတ်နေတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် စေလွှတ်မယ့် လုပ်ပိုင်ခွင့်ကို တစ်နှစ် ထပ်တိုးလိုက်ပါတယ်။
ဒီလိုမျိုး လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ခန့်ပြီး စေလွှတ်နေတဲ့နိုင်ငံပေါင်း ၁၂ နိုင်ငံရှိနေပြီး၊ အခုတော့ မြန်မာနိုင်ငံအတွက် မစ္စယန်ဟီးလီကို ခန့်အပ်တဲ့ကာလ ပြီးဆုံးသွားတဲ့နောက်၊ အမေရိကန်လွှတ်တော်အမတ်ဟောင်းဖြစ်တဲ့ Tom Andrews ကို လူ့အခွင့်အရေးအထူးကိုယ်စားလှယ်သစ်အနေနဲ့ ခန့်ထားပါတယ်။
crd-RFA Burmese #Myanmar_Online_News

0 comments:

Post a Comment