Wednesday, June 17, 2020

Dexamethasone ဆေးသည် COVID-19 ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် ထိရောက်မှုရှိကြောင်း ဗြိတိန်ပညာရှင်များပြောကြား

ဈေးသက်သာပြီး လွယ်လွယ်ကူကူရနိုင်တဲ့ Dexamethasone ဆေးက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရလို့ အပြန်အထန်နာမကျန်းဖြစ်နေတဲ့ လူနာတွေရဲ့အသက်ကို ကယ်တင်ရာမှာ အကူအညီပေးနိုင်တယ်လို့ အခုလ(၁၆)ရက် နိုင်ငံတကာသတင်းတွေမှာ ဖော်ပြကြပါတယ်။
လူသေစေနိုင်တဲ့ ကိုဗစ်ဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ dexamethasone ဆေးအနည်းငယ်ပေးတဲ့ ကုထုံးက တကယ့်ကို နည်းလမ်းကောင်းတစ်ခုဖြစ်တယ်လို့ ဗြိတိန်ပညာရှင်တွေက ပြောပါတယ်။
အသက်ရှူစက်တပ်ဆင်ထားရတဲ့ ကိုဗစ်လူနာတွေရဲ့ သေဆုံးမှု အန္တရာယ်ကို ဒီဆေးက သုံးပုံတစ်ပုံလောက်လျှော့ချပေးနိုင်သလို၊ အောက်စီဂျင်ပေးထားရတဲ့ ကိုဗစ်လူနာတွေရဲ့ သေဆုံးမှုအန္တရာယ်ကိုလည်း ငါးပုံတစ်ပုံ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး စဖြစ်ကတည်းက dexamethasone ဆေးကို အသုံးပြုခဲ့မယ်ဆိုရင် လူ့အသက်ပေါင်း ငါးထောင်လောက်အထိ ကယ်ဆယ်လို့ ရနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ပြောကြားပါတယ်။
Dexamethasone ဆေးဟာ ဈေးသက်သာပြီး လွယ်လွယ်ကူကူရနိုင်တာကြောင့် ဆင်းရဲပြီး Covid-19 ကူးစက်ခံရသူများတဲ့ နိုင်ငံတွေအတွက် အကျိုးများနိုင်တယ်လို့ ဆိုပါတယ်။
photo : Technology Times
Crd : OneNews

0 comments:

Post a Comment