Sunday, June 21, 2020

တရုတ်နိုင်ငံသည် လက်နက်ကိုင်တပ်ဖွဲ့များအပေါ် တရားဉပဒေစိုးမိုးစေရေးအတွက် CPC ၏ ခေါင်းဆောင် မှုအား အလေးပေးပြောကြား

တရုတ်နိုင်ငံသည် တရုတ်ကွန်မြူနစ်ပါတီ၏ တရုတ်ဗဟိုကော်မတီ CPC နှင့် ဗဟိုစစ်ဆေးရေးကော်မရှင်တို့မှ ပြည်တွင်းလက်နက်ကိုင်တပ်ဖွဲ့များအပေါ် ဗဟိုမှ ချုပ်ကိုင်ထားပြီး စည်းလုံးညီညွှတ်စွာခေါင်းဆောင်နိုင်ရေးကို အလေးထားသည့် ပြန်လည်ပြင်ဆင်ရေးဆောင်ရွက်ချက်တစ်ခုကို ဇွန်လ ၂၀ ရက်နေ့တွင် သဘောတူ လက်ခံခဲ့ပါသည်။
ပြန်လည်ပြင်ဆင်ထားသောဉပဒေကို အမျိုးသားပြည်သူ့ကွန်ဂရက်၏ အမြဲတမ်း ကော်မတီအစည်းအဝေးတွင် အတည်ပြုပြီးပါက လာမည့် ဇွန်လ ၂၂ ရက်နေ့ တနင်္လာနေ့တွင် စတင်အာဏာတည်မည်ဖြစ်မည်ပါသည်။
ပြန်လည်ပြင်ဆင်ထားသောဉပဒေအရ လက်နက်ကိုင်ရဲတပ်ဖွဲ့များသည် တရုတ် နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့၏ အစိတ်အပိုင်းဖြစ်ပြီး ကင်းလှည်ခြင်း ၊လုံခြုံရေးအရ အရေးပေါ်အခြေအနေကိုကိုင်တွယ်ခြင်းနှင့် အကြမ်းဖက်မှူလှုပ်ရှားမှုများကို ကာကွယ် ခြင်းနှင့် ကိုင်တွယ်ခြင်းတို့တွင် တာဝန်ရှိပါသည်။
စစ်သားများသည် အခြားသောတာဝန်ဝတ္တရားများအရ ရေကြောင်းဆိုင်ရာ ဉပဒေစည်းမျဉ်းများကိုလိုက်နာပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ရမည်ဖြစ်ပါသည်။
Source - CGTN #Myanmar_online_News

0 comments:

Post a Comment