Friday, June 26, 2020

တီးတိန်၌ COVID-19 သံသယလူနာတစ်ဦး သေဆုံး၍ နေ့ချင်းပြီး မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဒိမ်ပီးကျေးရွာ၌ အိန္ဒိယနိုင်ငံမှပြန်လာပြီး အဆိုပါကျေးရွာတွင် Facility Quarantine ခံယူနေစဉ် ကျန်းမာရေး အခြေအနေကြောင့် တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရာ ယနေ့နံနက် ၉ နာရီက သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ သံသယလူနာ အဖြစ်သတ်မှတ်ပြီး ၎င်း၏ Swab ကိုလည်း ရန်ကုန်မြို့ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(​ဝေဘာဂီ)ဆေးရုံသို့ ပို့ထားကြောင်း တီးတိန်မြို့နယ်ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်က ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်၊ ထိန်းချုပ်ရေး မြို့နယ်အဆင့် ကော်မတီဝင်များ၊ ပြည်သူ့ဆေးရုံမှ ဆရာဝန်၊ ဆရာမများနှင့် လူငယ်အဖွဲ့အစည်းမှ စေတနာ့ဝန်ထမ်းများက တာဝန်ယူ၍ တီးတိန်မြို့ CMBC သင်္ချိုင်း၌ နေ့ချင်းပြီး မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
Crd : မြို့နယ်(ပြန်/ဆက်)

0 comments:

Post a Comment