Tuesday, June 9, 2020

အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားများအနက် ၁ ဦးတွင် Covid-19 ရောဂါပိုးထပ်မံတွေ့ရှိ

အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး မေ ၂၄ ရက်တွင် မြန်မာ့အမျိုးသား လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိလာသည့်တပ်မတော်သား ၁၈ ဦးအား ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း အသွားအလာကန့်သတ် သီးခြားစောင့်ကြည့်ထားလျက်ရှိကာ ၎င်းတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များရယူ၍ နှစ်ကြိမ်စစ်ဆေးခဲ့ရာ အရာရှိ၊ စစ်သည် ၁၈ ဦး အနက် ၄ ဦးတွင် Covid-19 ရောဂါပိုး တွေ့ရှိရ၍ ကုသပေးလျက်ရှိပြီး ၎င်းတို့နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သည်။
အထက်ပါ Qurantine ထားရှိသည့် တပ်မတော်သားများအား ဇွန်လ ၈ ရက်တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မ တော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ PCR(Polymerase Chain Reaction) နည်းဖြင့် တတိယအကြိမ် ထပ်မံစစ်ဆေးဆောင်ရွက်ခဲ့ရာ အရာရှိ ၁ ဦးမှာ ရောဂါပိုး တွေ့ရှိ (တွေ့ရှိ)ရကြောင်း သိရှိရသည်။ အဆိုပါ ရောဂါပိုးတွေ့ရှိရသူအား တပ်မတော်က Covid-19 ရောဂါအထူးကုသရန်ကြိုတင်စီစဉ်ထားသည့်တပ်မတော်အသည်း ရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ကုသမှုခံယူစေလျက် ရှိကြောင်းနှင့် ၎င်း၏ ကျန်း မာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
၎င်းနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment