Thursday, June 25, 2020

COVID 19 ပျံ့နှံ့မှုအား ထိန်းချုပ်ထားနိုင်ပြီဟု တရုတ်အစိုးရ ကြေညာခဲ့သော်လည်း လူမှုအသိုင်းအဝိုင်းကြား ကူးစက်မှုအန္တရာယ်ကို စိုးရိမ်နေ

ဇွန်လ အစောပိုင်းမှစတင်ကာ တရုတ်နိုင်ငံမြို့တော် ဘေဂျင်းတွင် လူပေါင်း ၂၅၆ ယောက် ကူးစက်ခံရပြီးနောက် ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်ထားနိုင်ပြီဟု မြို့တော်အစိုးရက ဗုဒ္ဓဟူးနေ့ (ဇွန် ၂၄) ရက်က ပြောကြားခဲ့သော်လည်း လူမှုအသိုင်းအဝိုင်းကြား ကူးစက်မှုအန္တရာယ်ကို စိုးရိမ်နေဆဲ ဖြစ်သည်။
ဇွန်လ ၁၁ ရက်က ဘေကျင်းရှိ ဟင်းသီးဟင်းရွက် လက္ကားဈေးကြီးမှ စတင်ပျံ့နှံ့ခဲ့ပြီးနောက် ဒုတိယလှိုင်းကူးစက်မှုကို ဘေကျင်းအာဏာပိုင်များက ထိန်းချုပ်ရန်ကြိုးပမ်းခဲ့ကြသည်။
ဘေဂျင်းဖြစ်ပွားမှု ၂၅၆ မှုအနက် ၂၅၃ ခုသည် မြို့တောင်ပိုင်းရှိ ဆင်ဖာဒီဈေးနှင့် ဆက်စပ်မှုမှ ဖြစ်ပွားခဲ့သည်ကိုတွေ့ရှိရကြောင်း အာဏာပိုင်များက ဆိုသည်။ မြို့တော်တွင် ဗုဒ္ဓဟူးနေ့က ရောဂါဖြစ်ပွားမှုအသစ် ၇ ခုကို ထုတ်ပြန်ခဲ့ပြီး ယခုအပတ်မှစတင်၍ ကူးစက်မှုနှုန်း နှေးကွေးခဲ့သည်။
ဖျားနာဆေးခန်းများ၊ ရောဂါဖြစ်ပွားမှုကို ခြေရာခံခြင်းနှင့် လူအများအပြားအား စမ်းသပ်နိုင်ခြင်းတို့သည့် အစောပိုင်းတွေ့ရှိမှုတွင် အရေးပါသောအခန်းကဏ္ဍများ ဖြစ်သည်။
ဇွန်လအစောပိုင်းက တစ်နေ့လျှင် လူပေါင်း တစ်သိန်း စစ်ဆေးမှုမှ သုံးသိန်းအထိ တိုးမြှင့်စစ်ဆေးနိုင်ခဲ့ခြင်းကြောင့် အထပ်မံကူးစက်မှု ၁၃၇ မှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ဘေဂျင်းကျန်းမာရေးကော်မရှင်အကြီးအကဲက ပြောသည်။ ရောဂါကူးစက်မှုသည် နည်းပါးသော်လည်း အနာဂတ်တွင် ထပ်တလဲလဲ ဖြစ်ပွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
ဆောင်းရာသီ သို့မဟုတ် လာမည့်နွေဦးရာသီများတွင် ရောဂါဖြစ်ပွားမှု တိုးပွားလာနိုင်သော်လည်း ကူးစက်မှုသည် ပထမဆုံးအကြိမ် ကူးစက်ပျံ့နှံ့မှုကဲ့သို့ ကြီးမားလိမ့်မည်ဟု မထင်ကြောင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်သူ Zhong Nanshan က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
crd-Isee Media #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment