Friday, June 26, 2020

သရက်မြို့မှ COVID-19 အတည်ပြုလူနာအမှတ် ( ၂၄၂ )ကျန်းမာရေးကောင်းမွန်လာသဖြင့်ဆေးရုံမှဆင်းခွင့်ရရှိ

ဇွန်လ (၂၆) ရက်နေ့တွင် မ​ကွေးတိုင်း​ဒေသကြီး သရက်မြို့ Facility Quarantine Centerတွင် Quarantine ဝင်ရောက်နေသူများထဲရှိတစ်ဦးအားဇွန်လ (၇) ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ COVID-19 လူနာအမှတ်( ၂၄၂ )အဖြစ်ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါပိုးတွေ့လူနာမှာ သရက်မြို့နယ် ကွမ်းအုံကျေးရွာမှဖြစ်ပြီး ဇွန်လ (၈)ရက်နေတွင် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၊ငါးထပ်ဆောင်မှာ စတင်၍ ဆေးကုသမှုပြုလုပ်ဆောင်ရွက်ခဲ့ရပါတယ်။ဇွန်လ ၁၆ ရက်နေ့မှာ ဒုတိယအကြိမ်ဓါတ်ခွဲစစ်ဆေးမှုတွင် Negative၊ဇွန်လ ၂၁ ရက်နေ့မှာတတိယအကြိမ် ဓါတ်ခွဲစစ်ဆေးမှုတွင်လည်း Negative အဖြေထွက်ရှိခဲ့ပြီး လက်ရှိကျန်းမာရေးအခြေအနေမှာလည်းကောင်မွန်လျှက်ရှိနေပါတယ်။
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်မှ COVID-19 ရောဂါပိုးတွေ့လူနာအမှတ်( ၂၄၂ )ကို ယနေ့ ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀: ၄၂ နာရီမှာ လက်ရှိကုသပေးနေတဲ့ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ခြင်းလည်းဖြစ်ပါတယ်။မကွေးတိုင်းဆေးရုံအုပ်ကြီးနဲ့တာဝန်ရှိသူများမှ လူနာအမှတ်( ၂၄၂ )ကိုကျန်းမာရေးအတွက် လိုက်နာဆောင်ရွက်ရမယ့်အချက်များကိုလည်း မှာကြားခဲ့ပြီး မကွေးတိုင်း ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးမှ အခုလိုပဲပြောပြသွားခဲ့ပါတယ်။သရက်မြို့နယ်မှလူနာအမှတ် ( ၂၄၂ ) ဆိုရင်တော့ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှဆင်းခွင့်ရပြီဖြစ်ပေမယ့် သက်ဆိုင်ရာFacility Quarantine Centre တွင် (၇) ရက်၊Home Quarantine (၇) ရက် ဆက်လက်နေထိုင်သွားရမှာပဲဖြစ်ပါတယ်။မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်သံသယလူနာ (၉၂) ဦး တက်ရောက်ကုသမှုခံယူခဲ့ကာ (၈၉) ဦးမှာ ပိုးမတွေ့ Negative အဖြေထွက်ခဲ့ပြီး ယခုလက်ရှိသံသယလူနာ (၃ )ဦးမှာလဲ ကျန်းမာရေးကောင်းမွန်လျှက်ရှိနေပါတယ်။
Crd : Skynet UptoDate

0 comments:

Post a Comment