Monday, June 8, 2020

COVID-19ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါနဲ့ပတ်သက်ပြီး ပြည်သူများစိတ်ထဲတွင် စွဲမြဲနိုင်စေရန် အကြိမ် (၂၀၀)ကျော်အထိ သတိပေးနေမှာဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် သတင်းစကားပါး

Covid နဲ့ပတ်သက်လို့အခေါက်ခေါက်အခါခါ သတိပေးနေရတော့ ဖတ်ရတဲ့သူတွေကိုအားနာလာပါတယ်။ ဒါပေမယ့်လည်း Facebook သုံးရတာကိုက covid ကိစ္စ အတွက်ဖြစ်တယ်လေ။ နောက်ပြီးစိတ္တဗေဒပညာရှင်တွေက လူတစ်ယောက်စွဲစွဲမြဲမြဲမှတ်သွားဖို့ အကြိမ် (၂၀၀)လောက်ပြောရတယ်လို့ ဆိုပါတယ်။ ကျွန်မပြောတာအ ကြိမ်(၂၀၀)တော့မရှိသေးပါဘူးထင်ပါတယ်။
အခုပြောမဲ့စကားကတော့ကျွန်မပြောတာထက် ကျန်းမာရေးဝန်ကြီး ကပြောတာလို့ဆိုရပါမယ်။ ကျန်းမာရေးဝန်ကြီးနဲ့ကျန်းမာရေး ဝန််ထမ််း တွေစိတ်ပူနေရတဲ့ covidကာကွယ်ရေးအတွက်အလိိုအပ်ဆုံးနဲ့လုပ်ရအခက်ခဲဆုံးကိစ္စတစ်ခုပါ။
Social distancing ဆိုတဲ့အသုံးအနှုန်းနဲ့ကျွန်မတို့တွေဒီနှစ်မှအကျွမ်းတဝင်ဖြစ်လာတာပါ။ စကားလုံးရွေးတာနဲ့ပတ်သက်လို့ကလည်းဆွေးနွေးစရာရှိပါတယ်။ Covid ရောဂါမကူးဖို့အတွက် ရောဂါ ပိုးရှိသူနဲ့ခွါခွါနေရမယ်ဆိုတာ covid နဲ့ပတ််သက်လို့အစောဆုံးသိရတဲ့အချက်တစ်ခုပါပဲ။ ဘယ်သူ့မှာရောဂါပိုးဝင်နေပြီလဲဆိုတာ ကြည့်ရုံနဲ့မသိနိုင်တော့ လူတိုင်းနဲ့ဝေးဝေးနေရမယ်ဆိုတဲ့သဘောဖြစ်သွားတာပေါ့။ ဒါကြောင့် ‘လူမှုရေးဆက်ဆံရာမှာခွါခွါနေခြင်း’လို့အဓိပ္ပါယ် ရောက်တဲ့ social distancing ဆော်ဩသံဟာတစ်ကမ္ဘာလုံးပျံ့နှံ့သွားပါတယ်။
အချို့က social distancing အစား ‘ခန္ဓာကိုယ် အရခွါခွါနေခြင်း’ လို့အဓိပ္ပါယ်သက်ရောက်တဲ့ physical distancing ဆိုတဲ့အသုံးအနှုန်းကပိုပြီးသင့်တော်တယ်လိို့ယူဆပါတယ်။ ဘယ်အသုံ့းအနှုန််းကိုပဲရွေးရွေး၊ လုပ်််ရတာကတော့သိပ်မလွယ်တဲ့ကိစ္စပါ။ တစ်သက်တာအလေ့အကျင့်အရ လူသားများအကြားအထိအတွေ့ကတော့ရှိနေတတ်တာပါပဲ။ ဒါဟာကျွန်မတို့ကျန်းမာရေးကိုတာဝန် ယူရတဲ့ဝန်ကြီးဌာနအတွက်စိုးရိမ်စရာဖြစ်ပါတယ်။ အထူးသဖြင့် စျေးတွေမှာ social/physical distancing ကိုလားလားမှဂရုမစိုက်သလိုတိုးနေကြတာကရောဂါပျံ့ဖို့အားပေးနေသလိုပါပဲ။
ကျွန်မတို့ကိုအင်မတန်ဂရုစိုက်တဲ့ကျန်းမာရေးဝန်ကြီးစိတ်သက်သာစေဖို့ ကြိုးစားပြီးညွှန်ကြားချက်များနဲ့အညီ ခွါခွါနေကြပါ။ စျေးရောင်း၊စျေးသွားသူများအထူးဂရုစိုက်စေချင်ပါတယ်။ Maskတပ်ဖို့၊ လက်ဆေးဖို့လည်းမမေ့ပါနဲ့။
(၂၀၁)ကြိမ်အထိ ......
Crd : Aung San Su Kyi'Fb #Myanmar_Online_News

0 comments:

Post a Comment