Thursday, June 11, 2020

ပြည်တွင်းမှ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦးထပ်မံတွေ့ရှိခဲ့ရ‌သော COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ နံနက် (၈:၀၀)နာရီအချိန် သတင်းထုတ်ပြန်ခြင်း

၁။ (၁၀-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၅၅၄)ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - MDY)မှ ဓာတ်ခွဲနမူနာ (၂၇၄)ခု၊ စုစုပေါင်း (၈၂၈)ခု အား (၁၁-၆-၂၀၂၀) ရက်နေ့၊ နံနက် အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦးတွေ့ရှိရပါသည်။
၂။ (၁၁-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၄၉) ဦးရှိပါသည်။
၃။ (၁၀-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင်
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁၁၀၇)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၅၅)ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ (၂၇၄)ခုနှင့်
- ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) ဓာတ်ခွဲနမူနာ (၇၇)ခု၊
- စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၆၁၃)ခုအား စစ်ဆေးခဲ့ပါသည်။
Source : Ministry_of_Health_and_Sports,Myanmar #Myanmar_Online_News

0 comments:

Post a Comment