Tuesday, June 9, 2020

မြန်မာနိုင်ငံတွင်Covid-19 အတည်ပြုလူနာ (၂၄၄) ဦးရှိနေပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄ သိန်းကျော်နှင့် ရောဂါကူးစက်ခံရသူ ၇.၁သန်းနီးကျော်အထိ မြင့်တက်လာ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ဇွန်လ ၉ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၄၀၈,၂၃၀) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရသိရှိရပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၇,၁၈၈,၉၅၅) ဦး ကူးစက်ခံထားရကြောင်း သိရသည်။
မြန်မာနိင်ငံတွင်(၂၃-၃-၂၀၂၀)ရက်နေ့မှ (၈-၆-၂၀၂၀)ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၄၄)ဦး၊ ပိုးတွေ့ပြန်လည်သက်သာလူနာ (၁၅၉)ဦးနှင့် ပိုးတွေ့သေဆုံးလူနာ (၆)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

0 comments:

Post a Comment