Saturday, June 20, 2020

COVID-19ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အချိန်ကြာလာသည်နှင့်အမျှပေါ့ဆမနေဘဲ ကြုံတွေ့လာရမဲ့အခက်အခဲတွေကို ကျော်လွှားဖို့ ပြင်ဆင်ထားသင့်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် သတင်းစကားပါး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ သူမ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြည်သူလူထုအား ခဏခဏ သတိပေးနေပေမဲ့ နားမဝင်ကြသူတွေရှိိနေမှာက မထူးဆန်းပါဘူး။ ဒီလိုနားမဝင်သူတွေထဲမှာ မနေ့ကတော့၊ covid ရောဂါရှိလူနာသစ်(၂၃)ဦး တွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုကြားရပြီး တုန်လှုပ်သွားသူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ စိုးရိမ်ကြောင့်ကြတာ မဖြစ်ဘဲ အချိန်မီ သင်ခန်းစာယူခွင့်ရတယ်လို့ သဘောထားစေချင်ပါတယ်။
ကျွန်မ ရက်အနည်းငယ်က တင်ပြခဲ့ပါတယ်။ Covid ပထမလှိုင်းကို ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းများကို ထိန်းသိမ်းထားနိုင်ခြင်းနဲ့ ကျွန်မတို့ကျော်ဖြတ်ခဲ့ပါတယ်။ ပိုကြီးမားတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ပြင်ဆင်ရပါမယ်။
ယခုရောဂါရှိလူနာသစ်များဟာ နိုင်ငံရပ်ခြားမှ ပြန်လာပြီး၊ရောဂါကာကွယ်ရေးအတွက် လိုအပ်တဲ့ စည်းကမ်းများအရ မနေခဲ့ကြရသူတွေဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ အပြစ်မဖို့ပဲ၊ ကျွန်မတို့အတွက် သင်ယူနိုင်တဲ့ အခွင့်အရေးလို့ပဲ မှတ်သားစေချင်ပါတယ်။ ကျွန်မတို့သတိလက်လွတ်လို့မဖြစ်ဖို့ လိုပါတယ်။ စည်းကမ်းမဲ့လို့ မရပါဘူး။ Covid ကိုအနိုင်မရသေးပါဘူး။ Covid ကျွန်မတို့ကို အနိုင် မယူနိုင်အောင် ကာစစ်ထိုးနေရဆဲအချိန် ရှိပါသေးတယ်။
သင်ယူလွယ်သူတွေ ရှိသလို၊ သင်ရခက်တဲ့သူတွေလည်း ရှိကြတယ် ဆိုတာ ဘဝပေးအသိ သင်ခန်းစာပါ။ မနေ့က ကျွန်မ(၇၅)နှစ် တင်းတင်းပြည့်ခဲ့ပြီဆိုတော့ ဘဝအတွေ့အကြုံတွေက မနည်းတော့ပါဘူး။ ဘယ်သူမဆို ဆန္ဒရှိရင် ကိုယ့်ကိုကိုယ် ပြုပြင်နိုင်ပါတယ်။
ကျွန်မတို့ ပြည်သူတွေဟာ စံတင်လောက်တဲ့ စိတ်ဓါတ်အင်အားပိုင်ဆိုင်သူတွေဖြစ်အောင် စွမ်းဆောင်စေချင်ပါတယ်။ ဒါကျွန်မရဲ့မွေးနေ့ဆုတောင်း မဟုတ်ပါဘူး၊ နေ့စဉ်ဆုတောင်းပါ။ ဒီဆုတောင်း ပြည့်စေဖို့ နည်းအမျိုးမျိုးနဲ့ ကူညီပံ့ပိုးနေသူများရဲ့အသံတွေကိုမွေးနေ့မှာ ကြားခဲ့ရတဲ့အတွက် အားတွေဖြစ်ရပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ကျေးဇူးတင်ရတဲ့ အကြောင်းတွေ ပြောရရင် မပြီးနိုင်စတမ်းပါပဲ။
နိုင်ငံအတွက် အားလုံးအတူကြိုးစားပြီး covid သာမက၊ အခြားကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေမှန်သမျှကို ကျော်လွှားနိုင်ကြပါစေ။ ကြောင်း သတင်းစကားပါး ရေးသားထားကြောင်း တေ့ရှိရပါသည်။
Crd : Aung San Su Kyi'Fb #Myanmar_Online_News

0 comments:

Post a Comment