Monday, June 22, 2020

COVID-19 ရောဂါပိုးကူးစက်ခံထားရသည့် ပြင်သစ်နိုင်ငံသား ၂ဦးအား မြန်မာနိုင်ငံမှ ကုသပေးခဲ့မှုအပါအဝင် ပြင်သစ်ခရီးသွား ၁၀၀၀ခန့်ကို နေရပ်ပြန်နိုင်အောင် စီစဉ်ပေးခဲ့မှုများနှင့် စပ်လျဉ်းပြီး ပြင်သစ်နိုင်ငံက မြန်မာနိုင်ငံကို အထူးကျေးဇူးတင်လျှက်ရှိကြောင်း ပြင်သစ်သံအမတ်ကြီးပြောကြား

COVID-19 ရောပိုးကူးစက်ခံထားရသည့် ပြင်သစ်နိုင်ငံသား ၂ဦးအား မြန်မာနိုင်ငံက ကုသပေးခဲ့မှုအပါအဝင် ပြင်သစ်ခရီးသွား ၁၀၀၀ခန့်ကို နေရပ်ပြန်နိုင်အောင် စီစဉ်ပေးခဲ့မှုများနှင့် စပ်လျဉ်းပြီး ပြင်သစ်နိုင်ငံက မြန်မာနိုင်ငံကို အထူးကျေးဇူးတင်လျှက်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E Mr. Christian LECHERVY ကပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E Mr. Christian LECHERVY တို့ ဗီဒီယို ကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေးစဉ် ပြင်သစ်သံအမတ်ကြီးက ကျေးဇူးတင်စကားဆိုခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် အခြေခံအဆောက်အဉီ၊ စွမ်းအင်၊ ခရီးသွား လုပ်ငန်း၊ ပို့ဆောင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် သွားမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြင်သစ်သံအမတ်ကြီးတို့ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသေးပြီး ပြင်သစ် အစိုးရအနေဖြင့် COVID-19 စီးပွားရေးထိခိုက်မှု ကုသရေးစီမံချက် (CERP) တွင် ကူညီပံ့ပိုး ပေးသွားနိုင်မည့် အခြေအနေ၊ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအတွက် G-20 ၏ ကြွေးမြီများ ပြန်ဆပ်ရမည့် ကာလ ပြန်လည်ပြင်ဆင်သတ်မှတ်ပေး‌ရေးအစီအစဉ်နှင့် မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်နိုင်ရေးလုပ်ငန်းများအတွက် ပြင်သစ် ဖွံ့ဖြိုးရေးအေဂျင်စီ (AFD) နှင့် NGO များမှ တစ်ဆင့် အထူးသဖြင့် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် အခြေခံလူတန်းစား များအတွက် အကူအညီပေးအပ်နေမှု အ‌ခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသေးကြောင်း အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ သိရသည်။
Crd : Myanmar Harp

0 comments:

Post a Comment