Wednesday, June 17, 2020

မန္တလေးအစိုးရမှ COVID-19 ကာလအတွင်း ပြည်သူများသိရှိစေရန် အသိပေးကြေညာချက် ထုတ်ပြန်

မန္တလေးတိုင်းဒေသကြီးအတွင်း လူထုအပန်းဖြေနေရာများ၊ ရုပ်ရှင်ရုံများ၊ စတိတ်ရှိုးပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ရဟန်းခံရှင်ပြုပွဲများနှင့် အခြားပွဲလမ်းသဘင်များ ခေတ္တယာယီပိတ်သိမ်းခြင်း မပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဇွန်လ ၁၆ ရက်နေ့ ရက်စွဲဖြင့် အသိပေးကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ နိုက်ကလပ်၊ ကာရာအိုကေ/စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗွီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ တရားပွဲ/ စခန်းများ၊ ဘုရားပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ အခြားပွဲလမ်းသဘင်များ၊ လူမှုရေးလုပ်ငန်းများ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးပွဲများ ခေတ္တယာယီပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်း မပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရက ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်ကို ဇွန်လ ၁၆ ရက်တွင် ထပ်မံထုတ်ပြန်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အတိုင်းအတာတစ်ရပ်အထိ ဆောင်ရွက်နိုင်ပြီဖြစ်သည့်အတွက် ပုဂ္ဂလိက အဖွဲ့အစည်း/အရပ်ဖက်အဖွဲ့အစည်းများမှ ဖွင့်လှစ်သည့်သင်တန်းများအနက် (Capacity Building) မဖြစ်မနေ ဖွင့်လှစ်ရန်လိုအပ်သည့်သင်တန်းများကို Social Distancing နှင့်အညီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြား ချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်စေပြီး ပြန်လည်ဖွင့်လှစ် ခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့်ကျေးရွာများသို့ ပြည်ပနိုင်ငံ များမှ ပြန်လည်ရောက်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးပြင်ပ ရောဂါပိုးတွေ့ရှိသူများပြားသည့် ဒေသမှ လာရောက်သူအားလုံးကို Community Based Facility Quarantine (၂၁)ရက်နှင့် Home Quarantine(၇)ရက် ထားရှိဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။
၆။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် Coronavirus Disease 2019(COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန်အတွက် နေ့စဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ Curfew အမိန့်များကို ဆက်လက်ထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူ ခြင်းခံရမည် ဖြစ်ကြောင်းနှင့် မဖြစ်မနေ အပြင်သို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်၍ သွားရောက်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

0 comments:

Post a Comment