
COVID-19 ကြောင့် ဘရာဇီးနိုင်ငံမှာ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ တစ်သန်းကျော်ရှိလာနေပြီး ရောဂါ ကူးစက်မှုတွေက ဆက်လက်ဖြစ်ပေါ်နေကာ ကူးစက်မှုများလည်းလျင်မြန်စွာ ဖြစ်ပွားနေကြောင်း တွေ့ရသည်။
ထို့ကြောင့် နိုင်ငံအတွင်းတွင် ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၅၄၀၀၀ ကျော်အထိ စံချိန်တင်သွားကြောင်း ဘရာဇီးကျန်းမာရေး၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဒါ့အပြင် သေဆုံးသူအရေအတွက်ဟာလည်း လေးရက်ဆက်တိုက် ၁၂၀၀ ကျော်ထိရှိနေပြီး သေဆုံးသူအားလုံးပေါင်း ၄၉၀၀၀ နီးပါးရှိနေပြီး လက်ရှိအခြေအနေများအရ နိုင်ငံအတွင်း စမ်းသပ်စစ်ဆေးမှုနည်းပါးမှုကြောင့် ကူးစက်ခံရသူအရေအတွက်ဟာ ယခုထက်မက ပိုများလာနိုင်ကြောင်း ကျွမ်းကျင်သူတွေက ပြောဆိုနေကြသည်။
လက်ရှိမှာတော့ လက်တင်အမေရိကနိုင်ငံများသည် COVID-19 ကူးစက်မှုမြင့်မားလာတဲ့ ဒေသတွေဖြစ်ပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်သောင်းကျော်သွားတဲ့ သတ္တမမြောက်နိုင်ငံဖြစ်ပြီး ပီရူး၊ ချီလီနဲ့ အခြားလက်တင်အမေရိကနိုင်ငံတွေမှာ ကူးစက်မှုနှုန်းမြင့်မားနေပါတယ်။



Source : BBC
Ref : Coronavirus: Brazil becomes second country to hit one million cases
Photo: Getty Images
0 comments:
Post a Comment