Wednesday, June 17, 2020

COVID-19 အလွန် စင်ကာပူတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု စံချိန်တင်မြင့်တက်

စင်ကာပူနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ အပတ်စဉ် ကူးစက်ဖြစ်ပွားမှုနှုန်းဟာ ယခုသီတင်းပတ်မှာ ၁၀၀၀ ကျော်သွားခဲ့ပြီး ဒီအရေအတွက်ဟာ စင်ကာပူနိုင်ငံသမိုင်းမှာ ပထမဆုံး စံချိန်တင်အရေအတွက်ဖြစ်ပါတယ်။
ယခုသီတင်းပတ်မှာ ရောဂါဖြစ်ပွားသူ ၁၁၅၈ ဦးရှိခဲ့တာကြောင့် ယခင်အပတ်က ရောဂါပိုး ကူးစက်သူ ၈၇၀ ဦးနဲ့စာရင် ၃၃ ရာခိုင်နှုန်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ် ဇွန် ၁၅ ရက် ညနေ ၃ နာရီအချိန်အထိ စုစုပေါင်း ရောဂါပိုးတွေ့ရှိသူ ၁၁၁၆၆ ဦးရှိသွားခဲ့ပြီး ဒီအရေအတွက်ဟာ မကြာခင်နှစ်အနည်းငယ်အတွင်း ရောဂါဖြစ်ပွားမှု စုစုပေါင်းထက် ပိုများနေခဲ့တယ်လို့ ဆိုပါတယ်။
ယခုအဆိုင်းဆိုရင် ယခုနှစ်ရဲ့ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုစုစုပေါင်းဟာ ၂၀၁၃ ခုနှစ်က ရောဂါဖြစ်ပွားမှု အမြင့်ဆုံး စံချိန်တင်ထားခဲ့တဲ့ ၂၂၁၇၀ ဦးကို ကျော်လွန်ကာ စံချိန်သစ်တင်သွားနိုင်ဖွယ်ရှိကြောင်း အမျိုးသား ပတ်ဝန်းကျင်ရေးရာ အေဂျင်စီ(NEA) က ပြောဆိုခဲ့ပါတယ်။
လက်ရှိ အစုလိုက် ရောဂါကူးစက်ဖြစ်ပွားမှု အများဆုံး တွေ့ရှိရာနေရာဟာ နိုင်ငံအရှေ့ပိုင်း ဒေသတွေဖြစ်တယ်လို့ သိရပါတယ်။
နေပူ မိုးရွာ ဖြစ်နေတတ်တဲ့ ဇွန်လကနေ အောက်တိုဘာလအထိ ကာလဟာ ခြင်တွေ များစွာသားဖောက်ရှင်သန်ချိန်ဖြစ်ပြီး သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု အထွတ်အထိပ်ကာလဖြစ်ကာ အပတ်စဉ် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ဆက်မြင့်နေနိုင်တယ်လို့ ဆိုပါတယ်။
Source : The Straits Times
Crd : AkonThi

0 comments:

Post a Comment