Wednesday, June 17, 2020

COVID-19 ဗိုင်းရပ်စ်ပိုးထပ်မံပျံ့ပွားနေတဲ့အတွက် ဘေကျင်းရှိကျောင်းများ ပြန်ပိတ်လိုက်သလို လေယာဉ်ခရီးစဉ်များလည်း ပြန်လည်ဖျက်သိမ်း

တရုတ်နိုင်ငံမြို့တော် ဘေကျင်းမြို့ရှိ ကျောင်းတွေကို ပြန်ပိတ်လိုက်ကြောင်း နဲ့ ဘေကျင်းလေယာဉ်ခရီးစဉ် ၁,၂၀၀ကျော်လည်း ဖျက်သိမ်းလိုက်ကြောင်း တာဝန်ရှိသူတွေက ဒီနေ့(ဗုဒ္ဓဟူနေ့) မှာကြေညာလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ အစားအသောက်ရောင်းတဲ့ လက္ကားဈေးနဲ့ဆက်စပ်ပြီး တကျော့ပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။
(၂၄)နာရီအတွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃၁ ဦးရှိကြောင်း၊ တရုတ်နိုင်ငံမှာ ဒုတိယအကြိမ်အဖြစ် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှာကို စိုးရိမ်တဲ့အတွက် ဘေကျင်းမြို့ခံတွေကို အပြင်မထွက်ဖို့ ဆော်ဩနေတာဖြစ်ပါတယ်။
လက္ကာဈေးနဲ့ ဆက်နွယ်တဲ့ လူပေါင်း ထောင်ချီသောင်းချီရှိနေတဲ့အတွက် အိမ်ယာပေါင်း ၃၀ ကို အသွားအလာပိတ်ဆို့ကန့်သတ်ထားပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ပျံသန်းမယ့် ဘေကျင်းလေဆိပ်ကို အဝင်အထွက်လုပ်မယ့် ၇၀ ရာခိုင်းနှု်းသောခရီးစဉ်ပေါင်း ၁,၂၅၅ ကို ဖျက်သိမ်းလိုက်ပါတယ်။
တချိန်တည်းမှာ ဘေကျင်းကနေ လာရောက်တဲ့ ခရီးသည်အားလုံးကို သက်ဆိုင်ရာပြည်နယ်တွေမှာ အသွားအလာကန့်သတ်မှုအောက်မှာ ထားရှိပါတယ်။
ပြီးခဲ့တဲ့ ခြောက်ရက်အတွင်းမှာဘေကျင်းမြို့မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၃၇ ဦးရှိ ကြောင်း သိရပါတယ်။
Source - AFP
Crd : MDN

0 comments:

Post a Comment