Tuesday, June 16, 2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၉ သောင်းကျော်နဲ့ သေဆုံးသူ ၂ ထောင်ကျော် ရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၉၀၆၁၉ ယောက်၊ သေဆုံးသူ ၁၂၀၉ ယောက်နဲ့ ပြန်သက်သာ ၃၄၀၂၇ ယောက်ရှိနေပြီလို့ဘင်္ဂလားဒေ့ရှ်ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဇွန် ၁၅ ရက်မှာ ထပ်တိုးအတည်ပြုလူနာ ၃၀၉၉ ယောက်နဲ့ သေဆုံးသူ ၃၈ ယောက်ထပ်တိုးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးသမားတွေကြားမှာလည်း COVID-19 ကူးစက်မှုတွေမြင့်တက်နေပါတယ်။ စနေနေ့က ဘင်္ဂလားဒေ့ရှ်သာသနာရေးဝန်ကြီးသေဆုံးခဲ့ပြီးနောက် စစ်ဆေးခဲ့ရမှာ COVID-19 ကူးစက်ခံထားရ တယ်လို့ အဖြေထွက်ခဲ့ပါတယ်။
သူမကွယ်လွန်ခင်နာရီပိုင်းအလိုမှာ အထူးကြပ်မတ်ကုသဆောင်မှာ ၁၂ ရက်ကြာကုသမှုခံယူနေတဲ့ အာဏာရ အဝါမီလိဂ်ပါတီဗဟိုအမှုဆောင်ကော်မတီဝင်တစ်ယောက်သေဆုံးခဲ့ပြီး အနည်းဆုံးအဝါမီလိဂ်ပါတီဝင် အစိုးရ အဖွဲ့ဝင်နဲ့လွှတ်တော်အမတ် ၈ ယောက်နဲ့မိသားစုဝင်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။
လွှတ်တော်အမတ်ဟောင်း ၃ ယောက်လည်း COVID-19 ကြောင့်သေဆုံးခဲ့ပါတယ်။
COVID-19 တိုက်ဖျက်ရေးဆိုင်ရာအမျိုးသားနည်းပညာအကြံပေးကော်မတီက တနင်္ဂနွေနေ့မှာ မြို့တော်ဒါကာ က နေရာ ၄၅ နေရာအပါအဝင် နေရာ ၆၄ နေရာကို ထပ်တိုးကန့်သတ်မှုတွေလုပ်ရမယ့်အနီရောင်နယ်မြေတွေ အဖြစ်အကြံပြုထားပါတယ်။
ရောဂါထိန်းချုပ်ဖို့ နိုင်ငံတဝန်းကန့်သတ်မှုတွေကို ဇွန် ၁၆ ရက်နေ ၃၀ ရက်အထိ သက်တမ်းတိုးလိုက်တယ်လို့ တနင်္လာနေ့က အစိုးရအဖွဲ့အစည်းအဝေးမှာကြေညာခဲ့ပါတယ်။
crd-PeopleMedia #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment