Tuesday, June 23, 2020

ယနေ့(ပထမအသုတ်)စစ်ဆေးမှုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံပြန် (၁) ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သော COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ည (၈:၀၀)နာရီအချိန် သတင်းထုတ်ပြန်ခြင်း

၁။ (၂၃-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၄၇၀)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၄၆) ခုနှင့်
- ရန်ကုန်မြို့၊ အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင် ၁,၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၅၀)ခု၊
စုစုပေါင်း (၈၆၆)ခုအား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁)ဦး တွေ့ရှိရပါသည်။
၂။ (၂၃-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၉၂) ဦးရှိပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case-130, 187, 230 နှင့် 244) တွေ့ရှိရသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်သူ စုစုပေါင်း (၂၀၄) ဦးရှိပါသည်။ ၎င်းတို့အနက် (၁၉၀) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၂၂-၆-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၃-၆-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၄) ဦး ရှိပါသည်။
Source : Ministry_of_Health_and_Sports,Myanmar #Myanmar_Online_News

0 comments:

Post a Comment