Tuesday, June 16, 2020

ဘင်္ဂလားဒေ့ရှ်တွင် COVID-19 ကြောင့် သေဆုံးမှုနှင့် ကူးစက်ခံရမှုနှုန်း မြင့်တက်လျှက်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တနင်္လာနေ့က COVID-19 ကြောင့် လူ ၃၈ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁၂၀၉ ဦးရှိပြီဖြစ်ကြောင်း သက်ဆိုင်ရာက အတည်ပြုပြောကြားသည်။
”ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၃၀၉၉ ဦးနဲ့ ထပ်မံသေဆုံးသူ ၃၈ ဦး ရှိခဲ့ပါတယ်။ အမျိုးသား ၃၂ ဦးနဲ့ အမျိုးသမီး ၆ ဦးပါ”ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ နာဆီမာဆူလ်တန်နာက ဒါကာမြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
အတည်ပြုလူနာစုစုပေါင်းမှာမူ ၉၀၆၁၉ ဦးရှိပြီဖြစ်သည်။
ဇွန်လ ၁၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အတည်ပြုလူနာသစ် ၃၁၉၀ ဦးရှိခဲ့ပြီး၊ ဇွန်လ ၁၂ ရက်နေ့တွင်မူ ၃၄၇၁ ဦးတွေ့ရှိခဲ့ကာ ၂၄ နာရီအတွင်း အတည်ပြုလူနာတွေ့ရှိမှု စံချိန်တင်ခဲ့သည်။
ယခု ပြီးခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်း ဓာတ်ခွဲ နမူနာ ၁၅၀၃၈ ခုကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
Ref ; Popular

0 comments:

Post a Comment