Wednesday, June 17, 2020

မြန်မာနိုင်ငံ COVID-19 တိုက်ပွဲတွင် ရှေ့တန်းမှ ကြိုးပမ်းဆောင်ရွက်နေသော ဆရာဝန်များကို ဂုဏ်ပြုသောအားဖြင့် ဆေးကုသခွင့်လိုင်စင်ကြေး တစ်နှစ်စာကင်းလွတ်ခွင့်ပြု

COVID-19 ရောဂါ ရှာဖွေကုသပေးရာတွင် ရှေ့တန်းမှ ကြိုးပမ်းဆောင်ရွက်နေသော ဆရာဝန်များအား ဂုဏ်ပြုသည့်အနေဖြင့် ဆေးကုသခွင့်လိုင်စင်ကြေးများကို တစ်နှစ်စာကင်းလွတ်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆေးကောင်စီမှ ထုတ်ပြန်ကြေညာသည်။
အဆိုပါကင်းလွတ်ခွင့်သည် ၂၀၂၀ ဇူလိုင် ၁ ရက်မှ ၂၀၂၃ ဇွန်လ ၃၀ ရက်အတွင်း အထွေထွေရောဂါဆေးကုသခွင့်လိုင်စင် သက်တမ်းတိုးဆောင်ရွက်ခြင်း၊ အထူးဆေးကုသခွင့် လိုင်စင်သက်တမ်းတိုးဆောင်ရွက်ကြမည့် အထွေထွေရောဂါကုဆရာဝန်များနှင့် အထူးကုဆရာဝန်များ ပါဝင်သည်။
ကင်းလွတ်ခွင့်ထဲတွင် ၂၀၂၀ ဇွန်လ ၃၀ ရက်မတိုင်မီ အထွေထွေဆေးကုသခွင့်လိုင်စင် ရရှိပြီးထားသူ ဆရာဝန်များအားလုံး အကျုံးဝင်ကြောင်း ထပ်မံဖော်ပြထားသည်။
ဆေးကုသခွင့်လိုင်စင်ကြေးသည် သုံးနှစ်တစ်ကြိမ် သက်တမ်း တိုးထားရခြင်းဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ ဆရာဝန်အသိုင်းအဝိုင်းက ပြောသည်။
‘‘သုံးနှစ်တစ်ခါ တိုးရတာဆိုတော့ အဲဒီထဲကမှ တစ်နှစ်စာကင်းလွတ်ခွင့်ရတာပေါ့။ တစ်နှစ်စာသက်သာတဲ့ သဘောပါ’’ဟု ဒေါက်တာမြင့်ဦး(ဂျီပီ)က ပြောသည်။
မြန်မာနိုင်ငံဆေးကောင်စီ၌ ဆမလိုင်စင်ရရှိထားသူ ဆရာဝန် ဦးရေမှာ လက်ရှိအချိန်ထိ သုံးသောင်းကျော်ရှိသည်။
Crd : 7day

0 comments:

Post a Comment