Tuesday, June 23, 2020

တစ်ဦးတည်းသော ကရင်ပြည်နယ်ရဲ့ COVID-19 လူနာဆေးရုံဆင်းခွင့်ရရှိ

ကရင်ပြည်နယ်ရဲ့ ပထမဆုံး COVID-19 လူနာ အမှတ် ၁၈၇ ဟာ ဒီကနေ့မှာ ဘားအံပြည်သူ့ဆေးရုံကနေ ဆင်းခွင့်ရသွားပြီဖြစ်ပါတယ်။
လူနာအမှတ် ၁၈၇ ရဲ့ ဓာတ်ခွဲနမူနာကို ခြောက်ကြိမ်မြောက်စစ်ဆေးရာမှာတော့ ပိုးမတွေ့တော့တာကြောင့် ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဘားအံပြည်သူ့ဆေးရုံရဲ့ ဆေးပညာအထူးကုဆရာဝန်ကြီး ဒေါက်တာချိုချိုစန်းထူးက ဆိုပါတယ်။
ဆေးရုံကနေဆင်းခွင့်ရသွားပြီဖြစ်ပေမယ့် နေရပ်ဒေသကိုပြန်လည်ရောက်ရှိရင်တော့ ဇူလိုင် ၁ ရက်အထိ Quarantine နေထိုင်ရဦးမှာဖြစ်တယ်လို့ ဒေါက်တာချိုချိုစန်းထူးက ဆိုပါတယ်။
လူနာအမှတ် ၁၈၇ ဟာ ဘားအံပြည်သူ့ဆေးရုံကြီးမှာ တစ်လကျော်ကြာ ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။
ကရင်ပြည်နယ်ရဲ့ ပထမဆုံးကိုဗစ်လူနာနှစ်ဦးဖြစ်တဲ့ လူနာအမှတ် ၁၈၆ နဲ့ ၁၈၇ တို့ဟာ မလေးရှားနိုင်ငံကနေပြန်လာတာဖြစ်ပြီး ပိုးတွေ့ရှိခဲ့တဲ့အကြောင်း မေ ၁၈ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့တာပါ။
လူနာအမှတ် ၁၈၆ ကတော့ ဓာတ်ခွဲစစ်ဆေးရာမှာ ပိုးမတွေ့တော့တာကြောင့် ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က ဆေးရုံကနေ ဆင်းသွားပြီဖြစ်တာပါ။
လက်ရှိ ကရင်ပြည်နယ်အတွင်းမှာ ထိုင်းကပြန်လာတဲ့ ကိုဗစ်လူနာတစ်ဦးကို ဘားအံပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုပေးနေရတာပါ။
ကရင်ပြည်နယ်ထဲမှာ Covid-19 ရောဂါဖြစ်ပွားသူ ၂၅ ဦးစစ်ဆေးတွေ့ရှိထားပြီး ၂ ဦးကတော့ ဆေးရုံကနေဆင်းခွင့်ရသွားပြီဖြစ်ကာ ကျန်တာတွေကတော့ ဘားအံ မော်လမြိုင် ဝေဘာဂီအထူးဆေးရုံအသီးသီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
Crd : 7Day

0 comments:

Post a Comment